Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းမှာ ဒေသခံပြည်သူတွေ အာဇာနည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှု ပြုလုပ်

စစ်ကိုင်းတိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေဟာ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

ဇူလိုင်-၁၉၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေဟာ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ သပိတ်အင်အားစုတွေက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ကြားကာလ ပြည်သူ့အခြေပြုကျောင်းတစ်ကျောင်းမှာ အာဇာနည်နေ့ အခမ်းအနားကို ဂုဏ်ပြုကျင်းပခဲ့ပါတယ်။

ယင်းအခမ်းအနားမှာ ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်သူရဲကောင်းတွေကို (၁) မိနစ်ခန့် ငြိမ်သက်အလေးပြုခဲ့ပြီး အာဇာနည် (၉) ဦးနဲ့တကွ နွေဦးတော်လှန်ရေး ကနီမြို့နယ်တိုက်ပွဲအတွင်း မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေကို လွမ်းသူပန်းခွေတွေနဲ့ ဂုဏ်ပြုဦးညွှတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာလည်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီမှ (၇၉)နှစ်ပြည့် အာဇာနည်နေ့ လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

ဘုတလင်မြို့နယ်မှာလည်း သပိတ်အင်အားစုနဲ့ Noble School ကျောင်းမှ ဆရာ၊ဆရာမတွေ၊ကျောင်းသားမိဘပြည်သူတွေက (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အာဇာနည်တွေနဲ့ ကျဆုံးရဲဘော်တွေကို ဂုဏ်ပြုချီတက်အလေးပြုခြင်း လူထုလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါတယ်။

ဒီပဲယင်းမြို့နယ်မှာလည်း သွေးသစ်သပိတ် ဦးဆောင်ကော်မတီက (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနား ကို ပြုလုပ်ခဲ့ပါတယ်။

ဘုတလင်မြို့နယ် တနေရာမှာလည်း (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဒေါင်းရာဇာ ပင်မသပိတ်စစ်ကြောင်းနဲ့အတူ ဘုတလင်မြို့နယ် ဗ.က.သ ကျောင်းသားတွေ ကျေးရွာအတွင်းရှိ ကျောင်းသားပြည်သူတွေ ပူးပေါင်းပြီး လူထုလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

လှုပ်ရှားမှုအတွင်း ပါဝင်သူတွေက “အတိတ်ကိုဂုဏ်ပြု အနာဂတ်ကိုတည်ဆောက်” နဲ့ “အာဇာနည်တိုင်း သမိုင်းမသေ” စာသားပါ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ကာ အာဇာနည်ခေါင်းဆောင်တွေကို ဂုဏ်ပြုအောက်မေ့ခဲ့ကြသလို ဒီမိုကရေစီနဲ့ လွတ်လပ်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမယ့် သဘောထားကို ဖော်ပြခဲ့ကြပါတယ်။

ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီက တော်လှန်ပြည်သူတွေနဲ့အတူ အာဇာနည်နေ့အထိမ်းအမှတ် လူထုလှုပ်ရှားမှုကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

ယင်းလှုပ်ရှားမှုကို ကလေးဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီနဲ့ ပူးပေါင်းခြင်းမရှိတဲ့ ရပ်ကျေးအဆင့် ဦးဆောင်သူတွေ၊ အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံတွေ၊ ကျောင်းသား၊ မိဘ ပြည်သူတွေနဲ့အတူ အာဇာနည်နေ့ အထိမ်းအမှတ် ကျောင်းသား လူထုဟောပြောပွဲကို ကျင်းပခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ၇၉ နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်ခေါင်းဆောင်တွေကိုအလေးပြုအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစု က ဒီနေ့ကျရောက်တဲ့ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အဖြစ် အနက််ရောင်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။

ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ အာဇာနည်နေ့ဟာ လွတ်လပ်ရေး အကျိုးဆောင် သမိုင်းဝင် အာဇာနည် ၉ ဦး ကိုသာ ဂုဏ်ပြုရုံမကဘဲ ခေတ်အဆက်ဆက် ဒီမိုကရေစီအရေး တိုက်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့ကြတဲ့ အာဇာနည်အပေါင်းကို ဦးညွတ် ဂုဏ်ပြုခဲ့ပြီး ပေးဆပ်သူတွေရဲ့ ဂုဏ်ဒြပ်ကို အောက်မေ့ကာ မတရားမှုကို ဆန့်ကျင်တဲ့ အနက်ရောင်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ကနီမြို့နယ်မှာလည်း ကျဆုံးရဲဘော်တွေရဲ့ အာဇာနည်ဂူဗိမ္မာန်ရှေ့မှာ ကနီမြို့နယ်သပိတ်ဦးဆောင်ကော်မတီ၊ မြို့နယ် ပအဖ၊ရပ်ကျေး ပအဖ အဖွဲ့ဝင်တွေ၊ ပြည်သူ့အခြေပြုကျောင်း ဆရာ၊ဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး အာဇာနည်(၉)ဦးနဲ့တကွ ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးခဲ့ရသော အာဇာနည်အပေါင်းကို လွမ်းသူပန်းခွေတွေနဲ့ ဦးညွှတ်အလေးပြုခြင်း၊ (၁) မိနစ် ငြိမ်သက်အလေးပြုခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ – ကနီမြို့နယ်သပိတ်ကော်မတီ၊ GSCB ၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ ကလေးလူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း၊တပ်ဖွဲ့တွေက ရဲဘော်တွေက (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ​တွေဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ပြီးအ​လေးပြုခဲ့ကြပါတယ်။

သတင်း

အမေရိကန်၊ ဩစတေးလျနဲ့ မလေးရှားနိုင်ငံတို့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ စုပေါင်းပြီး (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မုံရွာခရိုင် အမှတ်(၈၉၊၁၀၊၁၁၊၁၂၊၁၅)တပ်ရင်းတွေ စုပေါင်းပြီး ဒီကနေ့မှာ ကျ​ရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားကို တော်လှန်ရေးဒေသတစ်ခုမှာ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးနေတဲ့ကြားက အာဇာနည်နေ့ အခမ်းအနားကို တော် လှန်ရေးအင်အားစုတွေ ကျင်းပခဲ့ပါတယ်။

Facebook