Connect with us

Hi, what are you looking for?

သတင်း

မြောင်နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် မပေါက်သေးသော လက်နက်ကြီးကျည် ယူဆော့ကစားရာ ပေါက်ကွဲမှုဖြစ်၍ စစ်ဘေးရှောင်ကလေးငယ် တစ်ဦးသေဆုံး၊ ဖခင်ဖြစ်သူလည်း ဒဏ်ရာရ

ပေါက်ကွဲမှုကြောင့် အသက် (၃)နှစ်အရွယ်ကလေး သေဆုံးပြီး ဖခင်ဖြစ်သူသည် ခြေထောက်တွင် ဒဏ်ရာအပြင်းအထန်ရသွားခဲ့သည်။ အဆိုပါသားအဖသည် ချောင်းဦးမြို့နယ်ဇာတိဖြစ်ပြီး မြောင်မြို့နယ်အတွင်း စစ်ဘေးရှောင်နေခြင်းဟု ဒေသခံအချိုု့က ပြောသည်။

(ပြီးခဲ့သည့် ဇူလိုင် ၁၇ရက်က လက်နက်ကြီးကျည်မှန်၍ သေဆုံးခဲ့သူ အမျိုးသမီးတစ်ဦးနှင့် လက်နက်ကြီးကျည်ကျရောက်ခဲ့သည့် လက်ဖက်ရည်ဆိုင် အား တွေ့ရစဥ်၊ ဓာတ်ပုံ - ကိုနွေဦး-မြောင်)
(ပြီးခဲ့သည့် ဇူလိုင် ၁၇ရက်က လက်နက်ကြီးကျည်မှန်၍ သေဆုံးခဲ့သူ အမျိုးသမီးတစ်ဦးနှင့် လက်နက်ကြီးကျည်ကျရောက်ခဲ့သည့် လက်ဖက်ရည်ဆိုင် အား တွေ့ရစဥ်၊ ဓာတ်ပုံ - ကိုနွေဦး-မြောင်)

​စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ဘေးရှောင်သားအဖနှစ်ဦး ထင်းရှာသွားစဥ် စစ်ကောင်စီတပ်ပစ်ခတ်ထားသော မပေါက်ကွဲသေးသည့် (၆၀)မမ လက်နက်ကြီးကျည်တွေ့၍ (၃)နှစ်အရွယ် ကလေးငယ်တစ်ဦး ဆော့ကစားမိရာမှ ပေါက်ကွဲပြီး ယင်းကလေးငယ်သေဆုံးကာ ဖခင်ဖြစ်သူလည်း ဒဏ်ရာအပြင်းအထန်ရခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုသည် မြောင်မြို့နယ် ကျေးရွာတစ်ရွာတွင် ယနေ့(ဇူလိုင် ၂၄ရက်) နံနက်က ဖြစ်ပွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

“စစ်တပ်က ပစ်လိုက်တဲ့ (၆၀)မမ ကျည်ဗျ။ မပေါက်ကွဲပဲ ကျန်နေတာ။ ကလေး တစ်ယောက် ကတွေ့ပြီး ပစ်ပေါက်ကစားတာမှာ ထကွဲတာ”ဟု အထက်ပါ ပြည်သူ့ရဲဘော်က ပြောသည်။

(ပြီးခဲ့သည့် ဇူလိုင် ၁၇ရက်က လက်နက်ကြီးကျည်မှန်၍ သေဆုံးခဲ့သူ အမျိုးသမီးတစ်ဦးနှင့် လက်နက်ကြီးကျည်ကျရောက်ခဲ့သည့် လက်ဖက်ရည်ဆိုင် အား တွေ့ရစဥ်၊ ဓာတ်ပုံ - ကိုနွေဦး-မြောင်)
(ပြီးခဲ့သည့် ဇူလိုင် ၁၇ရက်က လက်နက်ကြီးကျည်မှန်၍ သေဆုံးခဲ့သူ အမျိုးသမီးတစ်ဦးနှင့် လက်နက်ကြီးကျည်ကျရောက်ခဲ့သည့် လက်ဖက်ရည်ဆိုင် အား တွေ့ရစဥ်၊ ဓာတ်ပုံ – ကိုနွေဦး-မြောင်)

ပေါက်ကွဲမှုကြောင့် အသက် (၃)နှစ်အရွယ်ကလေး သေဆုံးပြီး ဖခင်ဖြစ်သူသည် ခြေထောက်တွင် ဒဏ်ရာအပြင်းအထန်ရသွားခဲ့သည်။ အဆိုပါသားအဖသည် ချောင်းဦးမြို့နယ်ဇာတိဖြစ်ပြီး မြောင်မြို့နယ်အတွင်း စစ်ဘေးရှောင်နေခြင်းဟု ဒေသခံအချိုု့က ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီလိုဖြစ်စဥ်တွေဟာ မြောင်နယ်မှာနှစ်ကြိမ်ရှိခဲ့ပါပြီ။ ပထမတစ်ကြိမ်မှာ (၄၀)မမ ကောက်ရတဲ့ နွားကျောင်းသားလေးတွေ ဆော့ရာမှကျကွဲပြီး နှစ်ဦးသေဆုံးခဲ့ရပါတယ်။”ဟု မြောင် CDSOM အဖွဲ့မှ ကိုနွေဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်သည် ပစ္စည်းများအား မည်သည့်ရည်ရွယ်ချက်​ဖြင့် ချန်ထားခဲ့သည်ကို အတိအကျမသိနိုင်ကြောင်း၊ မိုင်းများလည်း ဆင်ထားနိုင်သည့်အတွက် မသင်္ကာဖွယ် ပစ္စည်းများ တွေ့လျှင် သက်ဆိုင်ရာ နယ်မြေအဖွဲ့အစည်းများထံ အသိပေးအကြောင်းကြားသင့်ကြောင်း ကိုနွေဦးက ပြောသည်။

(ပြီးခဲ့သည့် ဇူလိုင် ၁၇ရက်က လက်နက်ကြီးကျည်မှန်၍ သေဆုံးခဲ့သူ အမျိုးသမီးတစ်ဦးနှင့် လက်နက်ကြီးကျည်ကျရောက်ခဲ့သည့် လက်ဖက်ရည်ဆိုင် အား တွေ့ရစဥ်၊ ဓာတ်ပုံ - ကိုနွေဦး-မြောင်)
(ပြီးခဲ့သည့် ဇူလိုင် ၁၇ရက်က လက်နက်ကြီးကျည်မှန်၍ သေဆုံးခဲ့သူ အမျိုးသမီးတစ်ဦးနှင့် လက်နက်ကြီးကျည်ကျရောက်ခဲ့သည့် လက်ဖက်ရည်ဆိုင် အား တွေ့ရစဥ်၊ ဓာတ်ပုံ – ကိုနွေဦး-မြောင်)

အခင်းဖြစ်ပွားသည့် ကျေးရွာ​၏ အမည်ကိုမှု ပြောဆိုခြင်း မရှိပေ။

” ပြည်သူများအနေနဲ့ ကိုယ်နဲ့မဆိုင်တဲ့ပစ္စည်း၊ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေ တွေ့ရင် နားလည်တဲ့သူတွေ (သို့) အဖွဲ့တစ်ခုခုသို့ အကြောင်းကြားပေးကြပါ။ကိုယ်တိုင် ကောက်ယူခြင်း၊ကလေးတွေကိုပေးထားခြင်းများသည် အန္တရာယ်များလွန်းလို့ အထူးလိုက်နာစေလိုပါတယ်” ဟု မြောင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက သတိပေး ထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ မြောင်မြို့နယ်ဉဆယ်ရွာ ကျေးရွာမှ အသက် ၂၁အရွယ် မမြတ်သန္တာ​အောင်ဆိုသူ လက်နက်ကြီး ကျည်မှန်၍ နေရာမှာပင် သေဆုံးခဲ့ရပြီး (၇)နှစ်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို ရောက်နေတဲ့ စစ်တပ်က နေရာ ၃ခုမှာ တပ်စွဲထားပြီး ဒေသခံ စစ်ဘေးရှောင် ၁၀ဦး ခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။