Connect with us

Hi, what are you looking for?

သတင်း

အင်းတော်တွင် စစ်ကောင်စီတပ်လှည့်ကင်းနှင့် ခြေကျင်စစ်ကြောင်းကို တစ်ချိန်ထဲတိုက်ခိုက်၊ စစ်ကောင်စီတပ်မှ အနည်းဆုံး ခြောက်ဦးသေ

“ဖိုးဝီးနဲ့ ကင်းပတ်လာတဲ့ စစ်ကြောင်းရယ် အဲဒီနားမှာပဲ အင်အား ၇၀ ကျော်နဲ့ ခြေကျင်လာတဲ့ စစ်ကြောင်းရယ်ကို ကျွန်တော်တို့ တစ်ချိန်ထဲမှာ တိုက်ခိုက်တာ။ နေရာကတော့ အဲဒီ အင်းတော် – ဗန်းမောက်လမ်းမှာပဲ။ ပွဲက နှစ်ပွဲပေါ့”ဟု IR Team မှ ရဲဘော်တစ်ဦးက ပြောသည်။

ဓာတ်ပုံ - ဇူလိုင် ၁၀ ရက်တိုက်ပွဲတွင် သေဆုံးခဲ့သော စစ်ကောင်စီတပ်သား တစ်ဦးအား စစ်ကောင်စီတပ်က ဖြစ်သလိုမြုပ်နှံထားစဥ်
ဓာတ်ပုံ - ဇူလိုင် ၁၀ ရက်တိုက်ပွဲတွင် သေဆုံးခဲ့သော စစ်ကောင်စီတပ်သား တစ်ဦးအား စစ်ကောင်စီတပ်က ဖြစ်သလိုမြုပ်နှံထားစဥ်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လှည့်ကင်းနှင့် ခြေလျင်စစ်ကြောင်းတို့ကို KIA ၊ PDF ပူးပေါင်းအဖွဲ့က တစ်ချိန်ထဲတိုက်ခိုက်ခဲ့ကြောင်း အင်းတော် တော်လှန်ရေးအင်အားစု (IR)က ယနေ့(ဇူလိုင် ၂၄)ထုတ်ပြန်သည်။

ယနေ့နံနက် ၉ နာရီခွဲခန့်တွင် အင်းတော်မြို့နယ် မော်တိတ်ဒေသ အင်းတော် – ဗန်းမောက်လမ်း ပေါ်၌ ဖိုးဝီးကားတစ်စီးနှင့် ကင်းပတ်နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် အင်အား ၇၀ ကျော်ပါသည့် စစ်ကောင်စီတပ် ခြေလျင် စစ်ကြောင်းတို့ကို PDF ပူးပေါင်းအဖွဲ့က တပြိုင်နက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုများတွင် လှည့်ကင်းယာဥ်ပေါ်ပါ စစ်ကောင်စီတပ်သား ၁၅ဦးခန့်တွင် နှစ်ဦးသေဆုံးပြီး ခြေလျင်စစ်ကြောင်းမှ လေးဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

“ဖိုးဝီးနဲ့ ကင်းပတ်လာတဲ့ စစ်ကြောင်းရယ် အဲဒီနားမှာပဲ အင်အား ၇၀ ကျော်နဲ့ ခြေကျင်လာတဲ့ စစ်ကြောင်းရယ်ကို ကျွန်တော်တို့ တစ်ချိန်ထဲမှာ တိုက်ခိုက်တာ။ နေရာကတော့ အဲဒီ အင်းတော် – ဗန်းမောက်လမ်းမှာပဲ။ ပွဲက နှစ်ပွဲပေါ့”ဟု IR Team မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၄၀ကျော် ဖြစ်ပွားခဲ့ပြီး KIA၊ PDF ပူးပေါင်းတပ်မှ ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းရဲဘော်က တက်ပြောသည်။

လက်ရှိအခြေအနေတွင် အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းများသည် အင်းတော်မြို့နယ် ငွေတောင်တောရဘုန်းကြီးကျောင်းသို့ တပ်ဆုတ်သွား ကြောင်း IR Team ထံမှ သိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။