သတင်း စစ်သား ၅ဦးသေခဲ့သော ဗန်းမောက်မြို့နယ်တိုက်ပွဲတွင်ဖမ်းဆီးရမိသောစစ်သား ၅ ဦးဓါတ်ပုံကိုထုတ်ပြန် ဖမ်းဆီးရရှိထားသော သုံ့ပန်းများကို NUG လမ်းညွှန်ချက်နှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားပြီး အင်တာနက်အခက်အခဲကြောင့်နှင့် လုံခြုံရေးအခြေအနေတို့ကြောင့်ယနေ့မှ ဓါတ်ပုံထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ LuduNwayOoဇူလိုင် 14, 2022
သတင်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်နေ၍ ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်များမီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၂ ဇူလိုင် ၁၁ရက်အထိကျေးရွာ ၂၆ရွာမှ နေအိမ် ၅၆၂လုံး မီးလောင်ပြာကျခဲ့သည်။ LuduNwayOoဇူလိုင် 14, 2022
သတင်း နွေဦးဂုရုလေးများပညာရေးစင်တာ၏ စစ်ရှောင်လူငယ်များအတွက် ပညာရေးအစီအစဥ်မှ အပတ်စဥ် (၂)သင်တန်းဆင်း အဆိုပါ အပတ်စဥ် (၂)သင်တန်းတွင် ဆယ်ကျော်သက်အရွယ် ကျောင်းသားကျောင်းသူ ၆၀ဦးပါဝင်ပြီး သင်တန်းကာလ နှစ်လနှင့် တစ်ပတ်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။ LuduNwayOoဇူလိုင် 14, 2022
သတင်း ကျန်းမာရေးဝန်ထမ်း ၁၅၀ဦးကို ပထမဆုံးအသုတ်အဖြစ် အလုပ်ခေါ်ယူကြောင်း NUG ကြေညာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာရေးဌာနများ၏ ဆေးရုံ။ ဆေးခန်းများတွင် တာဝန်ထမ်းဆောင်ရန် လစ်လပ်နေရာ ၁၅၀နေရာအတွက် လျှောက်လွှာတင်သွင်းနိုင်ကြောင်း ကြေညာခြင်းဖြစ်သည်။ LuduNwayOoဇူလိုင် 14, 2022
သတင်း စစ်ကောင်စီတပ် သေဆုံးထိခိုက်များခဲ့သည့် ဗန်းမောက်တောင်ပိုင်းကို လေကြောင်းကတိုက်ခိုက် ဗန်းမောက်တောင်ပိုင်းတွင် ဇူလိုင် ၁၂ရက်နှင့် ၁၃ရက်က စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ဆိုသည်။ LuduNwayOoဇူလိုင် 14, 2022