Connect with us

Hi, what are you looking for?

သတင်း

နွေဦးဂုရု​လေးများပညာ​ရေးစင်တာ၏ စစ်​ရှောင်လူငယ်များအတွက် ပညာ​ရေးအစီအစဥ်မှ အပတ်စဥ် (၂)သင်တန်းဆင်း

အဆိုပါ အပတ်စဥ် (၂)သင်တန်းတွင် ဆယ်ကျော်သက်အရွယ် ကျောင်းသားကျောင်းသူ ၆၀ဦးပါဝင်ပြီး သင်တန်းကာလ နှစ်လနှင့် တစ်ပတ်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

နွေဦးဂုရု​လေးများပညာ​ရေးစင်တာ
နွေဦးဂုရု​လေးများပညာ​ရေးစင်တာ

နွေဦးဂုရု​လေးများပညာ​ရေးစင်တာ၏ စစ်​ရှောင်လူငယ်များအတွက် ပညာ​ရေးအစီအစဥ်မှ အပတ်စဥ် (၂)သင် တန်းဆင်းပွဲကျင်းပခဲ့ကြောင်း ယနေ့(ဇူလိုင် ၁၄)တွင် ထုတ်ပြန်သည်။

အဆိုပါ အပတ်စဥ် (၂)သင်တန်းတွင် ဆယ်ကျော်သက်အရွယ် ကျောင်းသားကျောင်းသူ ၆၀ဦးပါဝင်ပြီး သင်တန်းကာလ နှစ်လနှင့် တစ်ပတ်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

“ Sel Kyae Phu Program Batch -2 သင်တန်းဆင်းပါပြီ။ ​​ကျောင်းဖြစ်​မြောက်​ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီကြပါ​သော ရပ်ရွာမှ ​ကျောင်းဖြစ်​မြောက်​ရေး ​​ကော်မတီဝင်များ၊ သင်တန်းအတွက် စား​ရေးရိက္ခာ၊ ​သင်​ထောက်ကူပစ္စည်းများနှင့် ပညာရပ်ဆိုင်ရာ ပံ့ပိုးကူညီကြသူများ၊ ဒေသမှ ဆရာ၊ ဆရာမ များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ပံ့ပိုးကူညီကြသူ တစ်ဦးတစ်​ယောက်ချင်းစီကို ​ကျေးဇူးအထူးတင်ရှိပါ​ကြောင်း ​နွေဦးဂုရု​လေးများ အဖွဲ့သားအားလုံးက ​ပြောကြားလိုပါတယ်” ဟု အသိပေးသည်။

သင်ကြားသည့်ဘာသာရပ်များအနက် ရပ်ရွာရှိကိစ္စရပ်များကို ကွင်းဆင်း​လေ့လာရင်း Learning Skills များကိုလက်​တွေ့အသုံးချ ​လေ့ကျင့်ခြင်း အစီအစဥ်တစ်ခုလည်းပါဝင်ပြီး အစီအစဥ်ကို အပတ်စဥ် တနဂ်​နွေည​နေပိုင်းတွင် ​လေ့လာ​ရေးထွက်ကာ စစ်​ရှောင်​ပြည်သူများ​နေထိုင်ရာ ရပ်ရွာတာဝန် ရှိသူများနှင့်တွေ့ဆုံပြီး ​နေထိုင်စား​သောက်​ရေး၊ ကျန်းမာ​ရေး၊ ပညာ​ရေး အ​ခြေအ​နေများကို ​လေ့လာ​ကြသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပညာရေးစင်တာ၌ ကရင်နီဘာသာနှင့် အဂ်လိပ်ဘာသာများကို အဓိကာထားသင်ကြားပေးပြီး အနုပညာ၊ လက်မှုနှင့် အကတို့ကိုလည်း သင်ကြားပေးနေကြောင်း နွေဦးဂုရုလေးများပညာရေးစင်တာ တာဝန်ရှိသူများက ပြောကြားထားသည်။

ဆက်လက်သင်ကြားပေးမည့် သင်တန်းအပတ်စဥ် (၃) အတွက် ​လျှောက်လွှာများကို သြဂုတ်လဆန်းတွင် ပြန်လည်​ခေါ်ယူမည်ဖြစ်ပြီး စက်တင်ဘာ ၁ရက်​တွင် သင်တန်းပြန်လည်ဖွင့်လှစ်သွားမည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်ဘေးရှောင်တစ်ဦး နေရပ်ပြန်လာစဥ် စစ်ကောင်စီတပ်သားများ ထောင်ထားသည့် မိုင်းထိ၍ အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

စီမံကိန်းတန်ဖိုးသည် ဒေါ်လာ ၃၃သန်းကျော်ရှိပြီး တိုက်ခန်းအားလုံးရောင်းချပြီးပါက NUGက တော်လှန်ရေးရန်ပုံငွေအဖြစ် တော်လှန်ရေးကာလအတွင်း ဒေါ်လာ ၁၃သန်းခွဲ ရရှိမည်ဖြစ်သည်။

သတင်း

အိပ်ခန်း တစ်ခန်း၊နှစ်ခန်းနှင့် သုံးခန်းပါဝင်သည့် ကွန်ဒိုများဖြစ်ပြီး စတုရမ်းပေ ၆၀၀ , ၉၀၀ နှင့် ၁၂၀၀ အထိကျယ်ဝန်းမည်ဖြစ်သည်။

သတင်း

"သင်ကြား​ရေးရည်ရွယ်ချက်က​တော့ ဆယ်​ကျော်သက်အရွယ်လူငယ်များအတွက် လိုအပ်မည့်အ​ခြေခံ Learning Skills များကို လက်​တွေ့လုပ်​ဆောင်ရင်း သင်ယူနိုင်ရန်နဲ့ ရပ်ရွာ​ဒေသအ​ကြောင်း​လေ့လာသိရှိရပြီး ပြန်လည်ချိတ်ဆက်နိုင်ဖို့ ရည်ရွယ်ပါတယ်"ဟု ဆိုသည်။