Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် သေဆုံးထိခိုက်များခဲ့သည့် ဗန်းမောက်တောင်ပိုင်းကို လေကြောင်းကတိုက်ခိုက်

ဗန်းမောက်တောင်ပိုင်းတွင် ဇူလိုင် ၁၂ရက်နှင့် ၁၃ရက်က စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ဆိုသည်။

ဗန်းမောက်
ဗန်းမောက်

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်တောင်ပိုင်းကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Banmauk Revolution က ဖော်ပြသည်။

ယမန်နေ့(ဇူလိုင် ၁၃ရက်) ညသန်းခေါင်ကျော်တွင် ဗန်းမောက်တောင်ပိုင်း သက်ကယ်တောင်ပေါ်သို့ ပြည်သူ့ကာကွယ်ရေးတပ်များရှိမည်အထင်ဖြင့် ဂျက်ဖိုက်တာ တစ်စီးမှ ဗုံးနှစ်လုံးကြဲချသွားသည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုကမှုကြောင့် ထိခိုက်မှုမရှိသော်လည်း ဗုံးကြဲသည့် အရှိန်ကြောင့် ဗန်းမောက်မြို့ရှိနေအိမ်များ တုန်ခါမှုရှိခဲ့သည်ဟု ဒေသခံကသတင်းပေးပို့လာကြောင်းဖော်ပြသည်။

ဗန်းမောက်တောင်ပိုင်းတွင် ဇူလိုင် ၁၂ရက်နှင့် ၁၃ရက်က စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယခင်လကတည်းက ဗန်းမောက်တောင်ပိုင်း၌ KIA/PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က အထိနာခဲ့သည်။

ပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှုများနှင့်ကြုံတွေ့လာပါက ထိခိုက်ကျိုးပဲ့လွယ်သော ပစ္စည်းများနှင့် ဝေးရာမှာနေရန်၊ ဝပ်၍သာနေရန်၊ နားထဲဂွမ်းသို့မဟုတ် အဝတ်စတခုခုဖြင့်ဆို့ထားရန်၊ လေယာဉ်သံပျောက်သွားမှ သွားလာလှုပ်ရှားကြရန် Banmauk Revolutionက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။