Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းတွင် စစ်​ကောင်စီတပ်က လေကြောင်းမှပစ်ခတ်နေ၍ ​ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရ

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်များမီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၂ ဇူလိုင် ၁၁ရက်အထိကျေးရွာ ၂၆ရွာမှ နေအိမ် ၅၆၂လုံး မီးလောင်ပြာကျခဲ့သည်။

(ယခင်ရက်ပိုင်းအတွင်းက ထွက်ပြေးတိမ်းရှောင်နေရသော ဒီပဲယင်းအရှေ့ခြမ်း ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)

▪️အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးလည်း ပစ်ခတ်ခံထားရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းတွင် အကြမ်းဖက်စစ်​ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်နေ၍ ​ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရပြီး အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး ပစ်ခတ်ခံထားရကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြော သည်။

ယနေ့(ဇူလိုင် ၁၄ရက်)မွန်းလွဲပိုင်းတွင် စစ်​​ကောင်စီတပ် သည် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းအား ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ပြီး စစ်ကောင်စီတပ်များကို ချထားခဲ့ကြောင်း၊ ဝေဟင်ပစ်ခတ်မှုကြောင့် နများကျေးရွာနေ အမျိုးသမီးတစ်ဦးပေါင်ထိမှန်ထားပြီး ကလေးငယ်တစ်ဦး လဲကျနေကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြော သည်။

(ယခင်ရက်ပိုင်းအတွင်းက ထွက်ပြေးတိမ်းရှောင်နေရသော ဒီပဲယင်းအရှေ့ခြမ်း ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)
(ယခင်ရက်ပိုင်းအတွင်းက ထွက်ပြေးတိမ်းရှောင်နေရသော ဒီပဲယင်းအရှေ့ခြမ်း ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)

နများရွာ အရှေ့ဘက်နားမှ တစ်စီးကာပစ်ပေးပြီး တစ်စီးက ထိုးဆင်းလာကာ စစ်ကောင်စီတပ်သားများချခဲ့ကြောင်း၊ စစ်​ကောင်စီတပ်သည် နများကျေးရွာကို ဝင်ရောက်နေပြီဖြစ်ပြီး နောက်ဆက်တွဲ အခြေအနေများ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

ဒီပဲယင်းမြို့နယ် ယဉ်ကျေးရွာ၊ညောင်လှကျေးရွာ၊ သရက်တောရွာနှင့် မရကန်ကျေးရွာများပေါ်တွင်လည်း ရဟတ်ယာဉ်တစ်စီးဝဲကာ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

(ယခင်ရက်ပိုင်းအတွင်းက ထွက်ပြေးတိမ်းရှောင်နေရသော ဒီပဲယင်းအရှေ့ခြမ်း ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)
(ယခင်ရက်ပိုင်းအတွင်းက ထွက်ပြေးတိမ်းရှောင်နေရသော ဒီပဲယင်းအရှေ့ခြမ်း ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)

နံနက် ၁၁နာရီမိနစ်၄၀ ခန့်ကလည်း ဒီပဲယင်းအရှေ့ခြမ်း တနယ်ရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်သားများသည် တနယ်ရွာသစ်ရွာကို မီးတင်ရှို့ခဲ့ကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

(ယခင်ရက်ပိုင်းအတွင်းက ထွက်ပြေးတိမ်းရှောင်နေရသော ဒီပဲယင်းအရှေ့ခြမ်း ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)
(ယခင်ရက်ပိုင်းအတွင်းက ထွက်ပြေးတိမ်းရှောင်နေရသော ဒီပဲယင်းအရှေ့ခြမ်း ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)

စစ်တပ်သည် ဒီပဲယင်းမြို့နယ်အတွင်း ဇူလိုင်လ ၄ ရက်ကတည်းက ရဟတ်ယာဥ်ဖြင့်ရောက်လာခဲ့ပြီး ကျေးရွာများအတွင်းရှိ ပစ္စည်းများကိုမွှေနှောက်ယူဆောင် ဖျက်ဆီး၍ နေအိမ်တချို့ကို မီးရှို့ခဲ့ပြီး နေအိမ်၃၀ထက်မနည်း မီးရှို့ဖျက်ဆီးထားသည်။

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်များမီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၂ ဇူလိုင် ၁၁ရက်အထိကျေးရွာ ၂၆ရွာမှ နေအိမ် ၅၆၂လုံး မီးလောင်ပြာကျခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။