Connect with us

Hi, what are you looking for?

News

မုံရွာလူထုခေါင်းဆောင် ဝေမိုးနိုင် ကျန်းမာရေးကောင်းမွန်

မုံရွာမြို့၏ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သည့် မုံရွာလူထုခေါင်းဆောင် ဝေမိုးနိုင်ကို ယနေ့ မေလ ၂၇ ရက်တွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး ကျန်းမာရေးကောင်းမွန်ကြောင်း ၄င်း၏မိခင်ဖြစ်သူ ဒေါ်မိုးစန္ဒာကြူက လူမှုကွန်ယက်တွင် ရေးသားဖော်ပြခဲ့သည်။

“ဒီနေ့သားအတွက် ထောင်ဝင်စာကို မိခင်အနေဖြင့် ပို့ခွင့်ရခဲ့ပါတယ်။ ၅၀၅(က)အမှုကို ထောင်တွင်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။ ကျန်းမာရေးကောင်းမွန်နေကြောင်း သိရှိရ၍ အတော်အသင့် စိတ်အေးရပါတယ်” ဟု ဒေါ်မိုးစန္ဒကြူက ရေးသားဖော်ပြခဲ့သည်။

ဧပြီ ၁၅ ရက်တွင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင် တော်လှန်နေသည့် မုံရွာပင်မသပိတ်စစ်ကြောင်းတွင် အကြမ်းဖက်စစ်ကောင်စီများက ဝေမိုးနိုင်ကို အိမ်စီးကားဖြင့် တိုက်ပီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖမ်းဆီးပြီး ရက်ပိုင်းအတွင်း ဝေမိုးနိုင်၏ မျက်နှာတစ်ခုလုံး ယောင်ကိုင်းနေသည့် ဒဏ်ရာများလည်း လူမှုကွန်ယက်ပေါ်၌ တွေ့မြင်ခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

မုံရွာမြို့မှာ ဩဂုတ်၃၀ရက် ညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ဦး နေအိမ်အတွင်းပိတ်မိပြီး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။