Connect with us

Hi, what are you looking for?

LuduNwayOo

News

ညောင်ပင်လေးစျေးက လူငယ်များရဲ့ပျောက်ကြားသပိတ်

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ညောင်ပင်လေးစျေးအနီးတွင် ယနေ့ (ဇွန်လ ၁၉ ရက်) မနက်ပိုင်းက လူငယ်များစုပေါင်း၍ စစ်အာဏာရှင် ဖြုတ်ချရေးအဖြစ် ပျောက်ကြားသပိတ်ချီတက် ဆန္ဒပြကြခဲ့သည်။

သပိတ်တွင် စမ်းချောင်း၊ မင်္ဂလာတောင်ညွန့်၊ ကြည့်မြင်တိုင် စသည့် မြို့နယ်အသီးသီးမှ လူငယ်များနှင့် ပြည်သူများ ၁၀၀ခန့် ပူးပေါင်းပါဝင်ခဲ့သည်။

လူငယ်များသည် ဖမ်းဆီးခံခေါင်းဆောင်များ လွှတ်ပေးရေးနှင့် ဒီမ်ိုကရေစီ ရရှိစေရေး ကြွေးကြော်၍ ညောင်ပင်လေးစျေးအနီး လမ်းမတော်လမ်းမအတိုင်း ဆန္ဒပြခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းပိုက်ထားသည်မှာ ယနေ့ ၁၄၂ ရက် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

အရပ်ထဲတွင် အုပ်ကြီး​ခေါ်​သော စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးများ ၊ ရာအိမ်မှူးများ၊ဆယ်အိမ်မှူးများ၊ ရပ်ကွက်/​ကျေးရွာအုပ်ကြီးစာ​ရေးများ ၏ နာ​ရေးသတင်းများ မတ်လ ​နောက်ဆုံးပါတ်တွင် တဟုန်းထိုးများလာ​​တော့သည်။

မေးမြန်းခန်း

အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးမှု ကြောင့် ဆန္ဒပြ လူငယ် ၂ ဦးသေဆုံးပြီး လူငယ်အချို့ ဖမ်းဆီးခံခဲ့ရကြောင်း မီဒီယာများကဖော်ပြသည်။စစ်ကောင်စီကမူ ၂ ဦးဒဏ်ရာရရှိပြီး စုစုပေါင်း ၄ ဦးကိုဖမ်းဆီးခဲ့ကြောင်းဝါဒဖြန့်ခဲ့သည်။

သတင်း

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မရမ်းကုန်းမြို့နယ် အောင်သပြေရဲဝင်းရှေ့၊ ကျိုက်ဝိုင်းဘုရားအနီးနှင့် သမိုင်းလမ်းဆုံတို့တွင် လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ တင်းကြပ်နေကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။

နိုင်ငံတကာ

လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ သေနတ်သမားဟာ အိတ်တစ်လုံးကို ကိုင်ပြီး စျေးဝယ်စင်တာထဲ ဝင်ရောက်သွားရာကနေ နောက်ဆုံး ရဲတွေဆီ လက်နက်ချတဲ့ အချိန်ထိ ဖြစ်စဉ်တွေက မိနစ် ၉၀ လောက်အတွင်း ဖြစ်ပွားသွားခဲ့ကြောင်း တွေ့ရပါတယ်။