Connect with us

Hi, what are you looking for?

News

မြင်းခြံမှ စစ်ကောင်စီသတင်းပေး ရပ်၊ကျေးအုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်သတ်ခံရ

မြင်းခြံမြို့အနီးရှိ သဲဖြူ၀ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဌေးသည် ယနေ့နံနက် ၁၁နာရီခန့်တွင် သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးသွားကြောင်း အဆိုပါမြို့ခံတစ်ဦးက People’s Springသို့အတည်ပြုသည်။

“ရွာနဲ့ မြို့ကြားထဲမှာ အသတ်ခံရတာ။ ရင်ဘက်ကို အပစ်ခံရတာ အားလုံးပေါင်း သုံးချက်။ သူကတော့ တကယ့် ဒလန်အကြီးစားဗျ။ သူက လိုင်းပေါ်မှာလည်း တော်တော်စွာတယ်။” ဟု မြင်းခြံမြို့ခံက ပြောသည်။

အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို မြင်းခြံမြို့ ကျော်ဆီဆိုင်အနီး၌ ပစ်ခတ်ခဲ့ကြောင်း Seven People Defence Force(SPDF) က သတင်းထုတ်ပြန်သည်။ ထို့ပြင် EPC ရုံး၌ ဗုံးဖောက်ခွဲမှု လုပ်ဆောင်ခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးနောက် အခင်းဖြစ်ပွားရာနေရာသို့ စစ်ကောင်စီ လက်နက်ကိုင်များ ရောက်ရှိလာပြီး ကျော်ဆီဆိုင် ပိုင်ရှင်ဖြစ်သူကို ဖမ်းဆီးသွားသည်ဟု မြင်းခြုံဒေသခံ တစ်ဦးက ပြောသည်။“ ကျော်ဆီဆိုင် သူဌေးကို ဖမ်းသွားတယ်။ ကိုကျော်သူဝင်းတဲ့။ သူက NLDမှာ နည်းနည်း အားကောင်းတဲ့သူ ဖြစ်တယ်။ ပျူစောထီးက တန်ပြန်ထုတ်တဲ့နာမည်ထဲမှာလည်း သူ့နာမည်က ပါတယ်။ ပျူစောထီးကလည်း NLD အမာခံတွေကို သတိထားနေဖို့ ထုတ်ထားတာပေါ့။ အခုဟာကတော့ ဆိုင်နားမှာ ဖြစ်လို့ ရောကြိတ်သွားတာနေမှာ။ နဂိုရ်ကတည်းကလည်း ဖမ်းချင်နေတာနေမှာ” ဟု ၎င်းက ဆိုသည်။

မြင်းခြံမြို့တွင် စစ်ကောင်စီသတင်းပေးများနှင့် စစ်ကောင်စီလက်နက်ကိုင်များကို တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်ခဲ့ရာ ယင်းသို့ ဆောင်ရွက်မှုများကို လူငယ်များဖြင့် ဖွဲ့စည်းထားသော Zero ပြောက်ကျား အဖွဲ့နှင့် SPDFက အဓိက လုပ်ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဇန်နဝါရီ-၁၃၊၂၀၂၆၊ရှိန်း/ People’s Spring မန္တလေးတိုင်း၊မြင်းခြံမြို့မှာ ‌‌‌‌‌‌‌‌‌‌‌ရွေးကောက်ပွဲပြုလုပ်မယ်ဆိုပြီး စစ်တပ်က မြို့အပြင်ဝန်းကျင်က အထပ်မြင့် အဆောက်အဦးကိုမှာ တပ်စွဲတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဟာ လာမယ့် ဇန်နဝါရီ၂၅ ရက်မှာ ရွေးကောက်ပွဲအပိုင်း(၃)လုပ်မှာဖြစ်ပြီး မြင်းခြံမြို့လည်းပါဝင်ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်တော်လှန်ရေးတပ်တွေက တိုက်ခိုက်မှာစိုးရိမ်ပြီး မြင်းခြံမြို့အပြင်က နေရာ တွေ၊အထပ်မြင့်တွေမှာ...

သတင်း

နိုင်ငံကူးလက်မှတ်(Passport)လျှောက်ထားလိုသူနည်းလာချိန်မှာ ပုံမှန်‌ကြေးထက် ကျပ်ငါးသိန်းပိုပေးရင် ငါးရက်အတွင်း အမြန်လုပ်ပေးမယ်လို့ စစ်ကောင်စီရဲ့ လက်အောက်ခံနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ဒီကနေ့ (ဇန်နဝါရီ၁) ကြေညာပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့ မြောက်ဘက်က ကျောင်းဖြူကန် ကျေးရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ မနေ့ မနက်ပိုင်းက (ဒီဇင်ဘာလ ၂၆ ရက်) စစ်ကောင်စီလေတပ် ဗုံးကြဲတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ရုပ်အလောင်းတချို့ စစ်တောင်းမြစ်အတွင်း မျောနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။