Connect with us

Hi, what are you looking for?

News

မုံရွာပင်မသပိတ်စစ်ကြောင်းနှင့် ​ရွာ​ပေါင်စုံသပိတ်စစ်​ကြောင်းတို့၏ စစ်အာဏာရှင်ဆန့်ကျင်​ရေး

“စစ်အာဏာရှင်ကို အမြစ်ပြတ်တော်လှန်ဖို့ မုံရွာမြို့ ပင်မသပိတ်စစ်ကြောင်းနှင့် ကျောင်းသားလူငယ်များ ဦးဆောင်သော လူထုစစ်ကြောင်းကြီးဟာ အရှိန်အဟုန် ကောင်းကောင်းနဲ့ ဆက်လက်ချီတက်​နေဆဲဖြစ်ပါတယ်” မုံရွာပင်မသပိတ်စစ်​ကြောင်းနှင့်ပတ်သက်ပြီး ပြည်သူ့ မီဒီယာ ကွန်ယက်-မုံရွာက ထုတ်ပြန်သည်။

ဓါတ်ပုံ - ပြည်သူ့မီဒီယာကွန်ယက်-မုံရွာ

မုံရွာမြို့ ပင်မသပိတ်စစ်​ကြောင်း အပါအဝင် စစ်ကိုင်တိုင်း ယင်းမာပင်အ​ရှေ့ခြမ်းနှင့် ဆားလင်းကြီး​မြောက်ခြမ်းတို့ရှိ ​ရွာ​ပေါင်းစုံ သပိတ်စစ်​ကြောင်းသည် ယ​နေ့တွင် အင်အား​ထောင်နှင့်ချီ ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြသည်။

“စစ်အာဏာရှင်ကို အမြစ်ပြတ်တော်လှန်ဖို့ မုံရွာမြို့ ပင်မသပိတ်စစ်ကြောင်းနှင့် ကျောင်းသားလူငယ်များ ဦးဆောင်သော လူထုစစ်ကြောင်းကြီးဟာ အရှိန်အဟုန် ကောင်းကောင်းနဲ့ ဆက်လက်ချီတက်​နေဆဲဖြစ်ပါတယ်” မုံရွာပင်မသပိတ်စစ်​ကြောင်းနှင့်ပတ်သက်ပြီး ပြည်သူ့ မီဒီယာ ကွန်ယက်-မုံရွာက ထုတ်ပြန်သည်။

ထို့အပြင် ရွာ​ပေါင်စုံသပိတ်စစ်​ကြောင်းနှင့်ပတ်သက်ပြီး “တော်လှန်ရေး ၁၂၂ ရက်မြောက် စစ်ကိုင်းတိုင်း ယင်းမာပင်အရှေ့ခြမ်း နှင့် ဆားလင်းကြီးမြောက်ခြမ်းတို့ ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ အင်အားထောင်ချီဖြင့် ဆက်လက်ချီတက်ခဲ့ကြပြီး ပြည်သူမှပြည်သူသို့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှလည်း ပြည်သူများထံ Mask နှင့်ဆေးများကို မျှဝေပေးခဲ့ကြပါတယ်” ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။