Connect with us

Hi, what are you looking for?

News

စစ်တပ်မှ ထိုးစစ်ဆင်​နေပါက ရှမ်းမြောက်ဒေသများပါ တိုက်ပွဲများဆက်ဖြစ်နိုင်ဟု KIA ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က ကချင်ဒေသအနှံတွင် ထိုးစစ်ဆင်စစ်ရေးလှုပ်ရှားမှု များဆက်လက်လုပ်ဆောင်နေသည့်အတွက် KIAနှင့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း၊KIA တပ်မဟာ(၈) တပ်ရင်း(၅)နယ်မြေ၊ တပ်မဟာ (၄)နယ်မြေ၊ တပ်မဟာ(၆) နယ်မြေ များ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း Kachinnet Burmese က သတင်းဖော်ပြသည်။

အာဏာသိမ်းစစ်တပ်က စစ်အင်အားတိုးချဲ့ပြီး ထိုးစစ်ဆင်မှုဆက်လက်လုပ်ဆောင်နေပါက ကချင်ပြည်နယ်သာမက Kachin sub-state ဒေသများတွင် တိုက်ပွဲကဆက်လက်ဖြစ်ပွား နိုင်ခြေရှိ ကြောင်း စစ်ရေးအကဲခတ်သူများက သုံးသပ်ထားသည်ဟု ကချင်လက်နက်ကိုင်အဖွဲ့(KIA) သတင်းနှင့်ပြန်ကြားရေးဌာန Kachinnet Burmese က သတင်းဖော်ပြသည်။

အာဏာသိမ်းစစ်တပ်မှ ထိုးစစ်ဆင်မှုများပြုလုပ်နေ၍ KIAနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းဖော်ပြရာတွင် အထက်ပါအတိုင်း ထည့်သွင်း ဖော်ပြခဲ့သည်။

“Kachin sub-state ဆိုတာ ရှမ်းပြည်မြောက်ပိုင်းလေ။ ရှမ်းပြည်မြောက်ပိုင်းမှာ တပ်မဟာ(၄)ရှိတယ် တပ်မဟာ (၉)ရှိတယ်။ တပ်မဟာ(၆)ရှိတယ်။ မူဆယ်တို့ မုံးကိုးတို့ ကွတ်ခိုင်တို့ ပါတယ်လေ” ဟု ကချင်ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်တပ်က ကချင်ဒေသအနှံတွင် ထိုးစစ်ဆင်စစ်ရေးလှုပ်ရှားမှု များဆက်လက်လုပ်ဆောင်နေသည့်အတွက် KIAနှင့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း၊KIA တပ်မဟာ(၈) တပ်ရင်း(၅)နယ်မြေ၊ တပ်မဟာ (၄)နယ်မြေ၊ တပ်မဟာ(၆) နယ်မြေ များ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း Kachinnet Burmese က သတင်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၉ရက်နှင့် ၁၀ရက်တွင် ဂေါဂွေချောင်း(ကောက်ကွေ့ချောင်း)အနီး မြို့လှကျေးရွာတ၀ိုက် တွင် အာဏာ သိမ်းစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ အာဏာသိမ်းစစ်တပ်မှ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

KIA တပ်မဟာ(၄)နယ်မြေ နမ်ဘာချီ ကျေးရွာအနီး၌ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ထို့ပြင် တပ်မဟာ(၆)၊ တပ်ရင်း (၃၆) နယ်မြေ မုန်းကုန်းဒေသ ဖောင်းဆိုင်ကျေးရွာအနီး၌လည်း အာဏာသိမ်းစစ်တပ်နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။

ရွှေကူမြို့နယ် မြို့နယ်ကျေးရွာအနီး တိုက်ပွဲတွင် KIA တပ်ဖွဲ့ဝင်များနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များလည်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ကသာ PDFက သတင်းထုတ်ပြန်ထားသည်။ KIA/PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီအကြား တိုက်ပွဲပြင်းထန်ခဲ့ရာ ဇူလိုင် ၅ရက်မှ ၉ရက်အထိ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၈၀ ကျော်သေဆုံးခဲ့ကြောင်း ကသာ PDFက ထုတ်ပြန်ထားသည်။

KIA/PDF ပူးပေါင်းအဖွဲ့မှလည်း ၃ဦး ကျဆုံး သုံးဦး အဆက်အသွယ်မရဟု ဆိုသည်။ အဆိုပါ တိုက်ပွဲ၌ ထိခိုက်သေဆုံးမှု စာရင်းများနှင့်ပတ်သက်ပြီး သီးခြားအတည်ပြုနိင်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စကခ(၂၁) လက်နက်သိုလှောင်ရုံကို တိုက်ခိုက်ဖျက်ဆီးနိုင်ဟု ကနဦး သတင်းရဟု သတင်းရင်းမြစ်ပြော

သတင်း

မန္တလေးတိုင်း ၊ တောင်သာမြို့နယ်ထဲက သာစည်ကျေးရွာကို ဒီနေ့ ဇန်နဝါရီလ ၂၃ ရက်မနက်အစောပိုင်း လူအများအိပ်မောကျနေချိန်မှာ စစ်ကောင်စီတပ်ရဲ့ လူလိုက်ပါတဲ့ စက်တပ်လေထီးနဲ့ ဗုံးချ တိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီးကြီး တစ်ဦး သေဆုံးခဲ့ရပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်အရှေ့ခြမ်းမှာ စစ်တပ်က စက်တပ်လေထီးတွေနဲ့ ၂ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ လေးဦးသေဆုံးပြီး နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဆင်နွှဲလျက်ရှိရာ ယခုရက်ပိုင်းများအတွင်း ပြောက်ကျားတိုက်ခိုက်မှုများ ဆက်ရှိနေဆဲဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။