Connect with us

Hi, what are you looking for?

News

မြင်းခြံတွင် စစ်ကောင်စီယာဉ်မိုင်းဖြင့် တိုက်ခိုက်ခံရပြီးနောက်ရမ်းသမ်းပစ်၍ အမျိုးသမီးတစ်ဦးဒဏ်ရာရ

“မနက်ခင်းက မိုင်းနဲ့ခွဲတာ။ လမ်းမှာ ထောင်ထားတဲ့မိုင်း သူတို့ကားထိသွားတာပေါ့။ ကားက နှစ်ကားလာတာ ရှေ့ကားထိတော့ နောက်ကားက လိုက်ပတ်ပစ်တာ။ သူတို့လူလည်းထိတယ် သေရင်သေ မသေရင် ဒဏ်ရာရဖြစ်မှာပဲ။အရေအတွက်တွေဘာတွေတော့ မသိဘူး။” ဟု မြင်းခြံမြို့ခံ တစ်ဦးက ပြောသည်။

မြင်းခြံမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်ယာဉ် တစ်စီး မိုင်းဖြင့် တိုက်ခိုက်ခံရ၍ အဆိုပါယာဉ်နှင့် ယာဉ်ပေါ်လိုက်ပါလာသည့်တပ်ဖွဲ့ဝင်များ ထိခိုက်ခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ မြင်းခြံမြို့လယ် နာရီစင်အနီးရှိ ဘုရားလမ်းထိပ်တွင် စစ်ကောင်စီတပ်ယာဉ် တစ်စီး မိုင်းထိခဲ့ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကိုမူ စုံစဲဆဲဖြစ်သည်။

“မနက်ခင်းက မိုင်းနဲ့ခွဲတာ။ လမ်းမှာ ထောင်ထားတဲ့မိုင်း သူတို့ကားထိသွားတာပေါ့။ ကားက နှစ်ကားလာတာ ရှေ့ကားထိတော့ နောက်ကားက လိုက်ပတ်ပစ်တာ။ သူတို့လူလည်းထိတယ် သေရင်သေ မသေရင် ဒဏ်ရာရဖြစ်မှာပဲ။အရေအတွက်တွေဘာတွေတော့ မသိဘူး။” ဟု မြင်းခြံမြို့ခံ တစ်ဦးက ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရမ်းသမ်း၍ ပစ်ခတ်ခဲ့ရာ အခင်းဖြစ်ပွားရာအနီးရှိ ဆိုင်တစ်ဆိုင်မှ အမျိုးသမီးတစ်ဦး ဝမ်းဗိုက်တွင် ကျည်ထိမှန်ခဲ့သည်ဟု ဆိုသည်။ အခင်းဖြစ်ရာနေရာအနီးရှိ မြ၀တီဘဏ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များက ပစ်ခတ်သကဲ့သို့ ကားပေါ်တွင်တပ်ဆင်ထားသည့် စက်သေနတ်ဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း ၎င်း ကပြောသည်။

“ကောင်မလေးက ကျည်ဆန်မှန်သွားတာ။ မြင်းခြံဆေးရုံပို့တာ မန္တလေးကို လွှဲလိုက်တာ” ဟု အဆိုပါ မြို့ခံက ပြောသည်။ မြင်းခြံမြို့သည် စစ်တပ်အာဏာသိမ်းစကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုများကို စဉ်ဆက်မပြတ်လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်က အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့၍ ပြည်သူများစွာ သေဆုံးဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

နောက်ပိုင်းတွင် မြို့ခံလူငယ်များက စစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်ရန် ဆုံးဖြတ်ခဲ့ပြီး ယခုအခါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသတင်းပေးများ၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်လအိရွာ ဘုန်ကြီးကျောင်းကို အသေခံဒရုန်းဖြင့်စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်များကတိုက်ခိုက်ခဲ့ရာစာသင်နေသည့်မူလတန်းအရွယ် ကလေးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်တွင် အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားများအား ပစ်ခတ်သတ်ဖြတ်ပြီး တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများကြား သွေးခွဲသည့်ဗျူဟာ ကျင့်သုံးနေကြောင်း KPDFနှင့်နီးစပ်သူများက သတိပေးသည်။

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။