Connect with us

Hi, what are you looking for?

News

အရှိန်​ကောင်း​နေတဲ့ မုံရွာပင်မသပိတ်စစ်​ကြောင်း

စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၆၇ ရက်ရှိပြီဖြစ်သည်။

ဓါတ်ပုံ - ပြည်သူ့ မီဒီယာ ကွန်ယက်-မုံရွာ

လူထုသပိတ်တိုက်ပွဲကော်မတီဦးဆောင်သည့် မုံရွာမြို့ပင်မသပိတ်စစ်ကြောင်းသည် လူအင်အားအများအပြားဖြင့် ယ​နေ့တွင် စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ဆက်လက်ချီတက်ခဲ့ကြသည်။

အဆိုပါပင်မသပိတ်စစ်ကြောင်းသည် အတားအဆီးများရှိသော်လည်း ရပ်ကွက်လမ်းကြားများမှတဆင့် မုံရွာမြို့၏ အဓိကလမ်းမကြီးဖြစ်သည့် ကျောက္ကာလမ်းမကြီးထက်သို့ ဆိုင်ကယ်စစ်ကြောင်းဖြင့် ချီတက်ခဲ့ပြီး သပိတ်ကိုအထိအခိုက်မရှိဘဲ ငြိမ်းချမ်းစွာ လူစုခွဲနိုင်ခဲ့​ကြောင်း ပြည်သူ့မီဒီယာကွန်ယက်-မုံရွာက ထုတ်ပြန်သည်။

စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၆၇ ရက်ရှိပြီဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကိုအသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသော်လည်းပြည်သူများက စစ်အာဏာ ရှင်စနစ်အလိုမရှိကြောင်းငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ်ထွက်၍ နိုင်ငံတစ်ဝန်း ဆန္ဒထုတ်ဖော်နေကြသည်မှာလည်း၁၆၄ ရက်ရှိပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။