Connect with us

Hi, what are you looking for?

News

စစ်​ဆေးရုံတွင် ​ဆေးကုသမှုခံယူ​နေ​သော DKBA စစ်ဦးစီးချုပ် ကိုဗစ်​ရောဂါဖြင့်ကွယ်လွန်

DKBA သည်စစ်တပ်က အာဏာသိမ်းမှုကို အပစ်ရပ် ၁၀ ဖွဲ့ အ​နေဖြင့် ကန့်ကွက်​သော်လည်း အာဏာသိမ်းစစ်​ကောင်စီနှင့် ​ဖေ​ဖော်ဝါရီ ၁ ရက်​နောက်ပိုင်း တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ၊ကြားတွင် စစ်​ကောင်စီ နှင့်​တွေ့ဆုံ​ဆွေး​နွေးခဲ့​သောအဖွဲ့ဖြစ်သည်။

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးသည် COVID-19 ရောဂါကြောင့် ယနေ့ညနေပိုင်း၌ ကွယ်လွန်သွားပြီဖြစ်သည်။

မင်္ဂလာဒုံစစ်ဆေးရုံ၌ ကုသမှုခံယူနေစဉ် ယနေ့ မွန်းလွဲပိုင်း၌ ရောဂါအသည်းအသန်ဖြစ်ပွားခဲ့ပြီးနောက် ကွယ်လွန်သွားခြင်းဖြစ်သည်။

“ကိုဗစ်ကြောင့်ဆုံးတာ။ ဒီညနေ ၄နာရီကျော်လောက်မှာဆုံးတာ” ဟု ကရင်လက်နက်ကိုင်အဖွဲ့နှင့် နီးစပ်သူက ပြောသည်။

ဗိုလ်ချုပ်ကြီးစောမိုရှေး ကွယ်လွန်ပြီဆိုသည့် ပြောကြားချက်နှင့်ပတ်သက်၍ DKBA စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးစောဟိဒိုးက “ အဲဒီလိုကြားပါတယ်” ဟု ဖြေကြားသည်။

Public Service Announcement

Public Service Announcement

မွန်းလွဲပိုင်းက DKBA စစ်ဦးစီးချုပ် ကွယ်လွန်ကြောင်း သတင်းများထွက်ပေါ်စဉ်က ယင်းသတင်းမမှန်ကြောင်း၊ ရောဂါ ပြန်သက်သာလာကြောင်း ဗိုလ်မှူးကြီးဟောဟိဒိုးက ပြောကြားခဲ့သော်လည်း ညနေပိုင်း၌ စစ်ဦးစီးချုပ် ကွယ်လွန်ပြီဆိုသည့် သတင်းကို ကြားကြောင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီးစောမိုရှေးသည် လာမည့် ဩဂုတ် ၁ရက်နေ့တွင် ၅၃နှစ်ပြည့်မည်ဖြစ်ပြီး မူလကတည်းက ရောဂါအခံရှိကြောင်း DKBA အရာရှိတစ်ဦးက ပြောသည်။

DKBA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည်။

DKBA သည်စစ်တပ်က အာဏာသိမ်းမှုကို အပစ်ရပ် ၁၀ ဖွဲ့ အ​နေဖြင့် ကန့်ကွက်​သော်လည်း အာဏာသိမ်းစစ်​ကောင်စီနှင့် ​ဖေ​ဖော်ဝါရီ ၁ ရက်​နောက်ပိုင်း တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ၊ကြားတွင် စစ်​ကောင်စီ နှင့်​တွေ့ဆုံ​ဆွေး​နွေးခဲ့​သောအဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်က အာရှလမ်းပိုင်းတိုက်ပွဲနဲ့ ကော့ကရိတ်မြို့တိုက်ပွဲတွေမှာ ဦးဆောင်ကွပ်ကဲခဲ့ပြီး တောင်ပိုင်းတိုင်းအမှတ်(၃၁)ဗျူဟာမှူးအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်မှူးချုပ် စောကျော်သက်ဟာ အင်အား ၃၅၀ခန့်နဲ့အတူ စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)နဲ့ ပြန်ပူးပေါင်းသွားပါတယ်။

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။