Connect with us

Hi, what are you looking for?

News

သောင်ရင်းမြစ်ရေတိုး၍ မြဝတီမြို့၌ ရေကြီးနေ

သောင်ရင်းမြစ်ဘေးရှိ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်လည်း ရေကြီးရေလျှံမှုဖြစ်နေ၍ အဆိုပါမြို့အတွက် ထိုင်းအာဏာပိုင်များက သတိပေးထုတ်ပြန်ချက်များထုတ်ပြန်ထားသည်။
မိုးဇလ၏ယနေ့နံနက် ၇နာရီထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ် သုံလေအလွန်းကောင်းနေသည်ဟု ဆိုသည်။

သောင်ရင်းမြစ်ရေတိုးလာမှုကြောင့် ကရင်ပြည်နယ်ရှိ နယ်စပ်မြို့ဖြစ်သော မြဝတီမြို့တွင် ရေကြီးလျှံမှုများ ဖြစ်ပေါ်နေသည်။

မြဝတီမြို့ရှိ သောင်ရင်းမြစ်ရေသည် ယင်းမြို့၏ စိုးရိမ်‌ရေမှတ်အထက်သို့ ပေဝက်ခန့်ကျော်လွန်ရောက် ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာနက ယမန်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ၂ပေခွဲခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်းလည်း အသိပေးထားသည်။
ထို့ကြောင့် မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် ထုတ်ပြန်ထားသည်။

ထို့အပြင် သောင်ရင်းမြစ်ဘေးရှိ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်လည်း ရေကြီးရေလျှံမှုဖြစ်နေ၍ အဆိုပါမြို့အတွက် ထိုင်းအာဏာပိုင်များက သတိပေးထုတ်ပြန်ချက်များထုတ်ပြန်ထားသည်။
မိုးဇလ၏ယနေ့နံနက် ၇နာရီထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ် သုံလေအလွန်းကောင်းနေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့ညနေအထိခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေး တိုင်း ဒေသကြီးတို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည် နယ်တို့တွင် ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးပြီး ခါးလောက်နီးပါးထိ ရေမြုပ်နေတဲ့ နေရာမှာ ကျင်းပခဲ့တဲ့ ဖိလစ်ပိုင် မင်္ဂလာပွဲ တစ်ခုဟာ လူမှုကွန်ရက်ပေါ်မှာ လူပြောများနေပါတယ်။

သတင်း

နီပေါနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုမှာ ကလေးနှစ်ဦးကို လက်တွဲပြီး ပြေးလာရင်း အသက်ဘေးကနေ ကပ်လွတ်ခဲ့တဲ့ မိခင်တစ်ဦးရဲ့ ရင်ထိတ်စရာ အခြေအနေကို ဗီဒီယိုနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံက နာမည်ကျော် ဂရန်းကန်ညွန် (Grand Canyon) ချောက်ကြီးထဲမှာ ရုတ်တရက် ရေကြီးမှု တစ်ခုကြောင့် တောတောင် ခြေလျင်ခရီးသွား ၁၅ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

ရေဘေးကြုံနေတဲ့ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ လှေတစ်စီးရေစီး နဲ့ မျောပါတိမ်းမှောက်သွားလို့ အမျိုးသားတစ်ဦး ပျောက်ဆုံးနေပါတယ်။