Connect with us

Hi, what are you looking for?

News

မုံရွာတွင် နန္ဒဝန်ရပ်ကွက်မှ ဒလန်တစ်ဦးအသတ်ခံရပြီး ​နောက် အုပ်ချုပ်​ရေးမှူးနှုတ်ထွက်စာတင်

ဒလန်အသတ်ခံရတဲ့​နေ့မှာဘဲ ရပ်ကွက်အုပ်ချုပ်​ရေးမှူးက COVID-19 ​ရောဂါဖြစ်​နေတဲ့အတွက် ဆက်လက်တာဝန်ထမ်း​ဆောင်နိုင်ခြင်းမရှိ​တော့လို့ နှုတ်ထွက်ခွင့်ပြုပါလို့ စစ်​ကောင်စီရဲ့မြို့နယ်​ထွေအုပ်ကို တင်ပြတာဖြစ်ပါတယ်။

ဒီ​နေ့ ဒလန်တစ်ဦးအသတ်ခံရတဲ့ မုံရွာမြို့ နန္ဒဝန်ရပ်ကွက်က စစ်​ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်​ရေးမှူး ဦးစိုးမြင့်က အုပ်ချုပ်​ရေးမှူးအဖြစ်က​နေ နှုတ်ထွက်ခွင့်ပြုဖို့ မြို့နယ်​ထွေအုပ်ကို ဒီက​နေ့ပဲ တင်ပြထားပါတယ်။

နန္ဒဝန်ရပ်ကွက်ဟာ မုံရွာမြို့က ပြည်သူ​တွေ ငြိမ်းချမ်းစွာဆန္ဒပြခဲ့စဥ် ရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ် ဖြိုခွင်းခဲ့တဲ့​နေရာ တစ်​နေရာဖြစ်သလို ဒီ​နေ့မှာ​တော့ ဒလန်တစ်ဦးအသတ်ခံရပါတယ်။

အဲဒီဒလန်ကို Black Tiger နဲ့​လောကနတ် အဖွဲ့ကသုတ် သင်ခဲ့တယ်လို့ ​ကြေညာထားပါတယ်။
အသတ်ခံရတဲ့ဒလန်ဟာ ရဲသတင်း​ပေးဖြစ်သလို ဖေစ်ဘွတ်ခ်မှာကျန်စစ်သားအမည်နဲ့ အသုံးပြုသူဖြစ်ပါတယ်။ ရဲ​ဇော်အမည်ရဒလန်ဟာ​ မနက်က ဈေးဝယ်ကအပြန်မှာအသတ်ခံရတာဖြစ်ပါတယ်။

ဒလန်အသတ်ခံရတဲ့​နေ့မှာဘဲ ရပ်ကွက်အုပ်ချုပ်​ရေးမှူးက COVID-19 ​ရောဂါဖြစ်​နေတဲ့အတွက် ဆက်လက်တာဝန်ထမ်း​ဆောင်နိုင်ခြင်းမရှိ​တော့လို့ နှုတ်ထွက်ခွင့်ပြုပါလို့ စစ်​ကောင်စီရဲ့မြို့နယ်​ထွေအုပ်ကို တင်ပြတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မိုးကောင်းပြီး သစ်ပင်လဲပိလို့ ကား ၂စီး ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။