Connect with us

Hi, what are you looking for?

News

ဆားလင်းကြီးမြို့နယ်က GZ လူငယ်များရဲ့ Paper Strike Campaign

ားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးလတ်နေပြည်သူများကလည်း စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ရွာပေါင်းစုံသပိတ်အဖြစ် နေ့စဥ်မပျက်ချီတက်ဆန္ဒပြနေသည်။

ဓာတ်ပုံ - ပြည်သူ့မီဒီယာကွန်ရက်-မုံရွာ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ GZ လူငယ်များသည် တော်လှန်ရေးလမ်းကြောင်းတစ်ခုပေါ်တွင် ရပ်တည်ပြီး တော်လှန်နေမှတာဝန်ကျေမည်ဟုဆိုကာ Paper Strike Campaignကို ယနေ့တွင် ပြုလုပ်ခဲ့သည်။

ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးလတ်နေပြည်သူများကလည်း စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ရွာပေါင်းစုံသပိတ်အဖြစ် နေ့စဥ်မပျက်ချီတက်ဆန္ဒပြနေသည်။

စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ သြဂုတ်၁ရက်အထိ ၉၄၅ ဦးရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယမန်နေ့တွင် ထုတ်ပြန်သည်။

ဓာတ်ပုံ – ပြည်သူ့မီဒီယာကွန်ရက်-မုံရွာ

အဆိုပါအရေအတွက်သည် အေအေပီပီမှ ကောက်ယူရရှိထားသည့် အရေ အတွက်ဖြစ်ပြီး အဆိုပါအရေအတွက်ထက် ပိုများနေနိုင်သည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့ (သြဂုတ်၂ ရက်)အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၅၄၇၄ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦး မှာထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု ထုတ်ပြန်သည်။ ထိုပြစ်ဒဏ်ကျခံရသူ များအနက်မှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင်၂၆ ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်ဟု ဖော်ပြထားသည်။

ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁၉၆၄ ဦးရှိပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရ၍ သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ဦးရှိပြီဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

ဆောင်းပါး

စစ်အာဏာသိမ်းမှုကြောင့် လူ့ဘဝတစ်ခုလုံး စုတ်ပြတ်သွားလိမ့်မယ်လို့ မထင်ခဲ့မိကြောင်း အ သက် ၃၀စွန်းစအရွယ် စာရင်းကိုင်လူငယ်တစ်ဦးက ပြောတယ်။

ဆောင်းပါး

​အရင်က ကျေးလက်ဒေသတွေ၊ မြို့ငယ်တွေနဲ့ တိုင်းရင်းသားဒေသတွေမှာသာ ကြားလေ့ရှိတဲ့ "ပေါ်တာဆွဲတယ်" ဆိုတဲ့ ကြောက်မက်ဖွယ် စကားလုံးဟာ အခုဆိုရင် ရန်ကုန်မြို့ပြကြီးရဲ့ နေအိမ်တွေထဲအထိ ဝင်ရောက်လာပြီး ဧည့်ခန်းမှာ မိန့်မိန့်ကြီး နေရာယူလိုက်ပါပြီ။ မိဘတွေဟာ ကိုယ့်အိမ်ထဲမှာတင် ကိုယ့်သားသမီး ဘယ်အချိန် အဖမ်းခံရမလဲဆိုတဲ့ သောကနဲ့ ညစဉ် အိပ်မပျော်နိုင်ကြတော့ပါဘူး။

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံတော်လှန်ပြည်သူတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ကျဥ်းအားလုံး လွှတ်ပေးဖို့ ဆန္ဒပြတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၈) မှာ ပြုလုပ်ခဲ့ပါတယ်။