Connect with us

Hi, what are you looking for?

LuduNwayOo

News

မုံရွာမြို့လယ်နာရီစင်နားဗုံးပေါက်

“အသံတော်တော်ကျယ်တယ်၊ ဗုံးပေါက်ပြီး နောက် စကစတပ်ဖွဲ့၀င်တွေရောက်လာပြီး ပျာယာခတ်နေတာတွေ့ခဲ့တယ်” ဟု မုံရွာဒေသခံတစ်ဦးက ပြောပါတယ်။

မုံရွာမြို့လယ်နာရီစင်အနီးမှာ ဒီနေ့ သြဂုတ်လ ၁၅ ရက် နံနက် ၈နာရီ၀န်းကျင်က ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။

“အသံတော်တော်ကျယ်တယ်၊ ဗုံးပေါက်ပြီး နောက် စကစတပ်ဖွဲ့၀င်တွေရောက်လာပြီး ပျာယာခတ်နေတာတွေ့ခဲ့တယ်” ဟု မုံရွာဒေသခံတစ်ဦးက ပြောပါတယ်။

လူစည်ကားရာမြို့လယ်နေရာဖြစ်တဲ့ အဲဒီနေရာမှာ အမြဲလိုလို စစ်သား ၄ ယောက်လောက် စောင့်နေတတ်ပြီး အဲသည်လိုလုံခြုံရေးတင်းကြပ်ထားတဲ့ကြားကပေါက်ကွဲတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

မုံရွာမြို့ ကိုဗစ်ကူးစက်မှု့လျော့ချရေးအကြောင်းပြပြီးစစ်​ကောင်စီက ဒေသခံများကို နေ့ခင်း ၁၀နာရီက​နေ ည​နေ ၄ နာရီအထိ့ မထွက်ရအမိန့်ထုတ်ထားပြီးဆိုင်များအားလုံး‌ နေ့ခင်းဘက်ပိတ်ခိုင်းထားကာ လုံခြုံရေးတင်းတင်းကြပ်ကြပ်ချထားတယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။