Connect with us

Hi, what are you looking for?

News

မုံရွာမြို့လယ်နာရီစင်နားဗုံးပေါက်

“အသံတော်တော်ကျယ်တယ်၊ ဗုံးပေါက်ပြီး နောက် စကစတပ်ဖွဲ့၀င်တွေရောက်လာပြီး ပျာယာခတ်နေတာတွေ့ခဲ့တယ်” ဟု မုံရွာဒေသခံတစ်ဦးက ပြောပါတယ်။

မုံရွာမြို့လယ်နာရီစင်အနီးမှာ ဒီနေ့ သြဂုတ်လ ၁၅ ရက် နံနက် ၈နာရီ၀န်းကျင်က ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။

“အသံတော်တော်ကျယ်တယ်၊ ဗုံးပေါက်ပြီး နောက် စကစတပ်ဖွဲ့၀င်တွေရောက်လာပြီး ပျာယာခတ်နေတာတွေ့ခဲ့တယ်” ဟု မုံရွာဒေသခံတစ်ဦးက ပြောပါတယ်။

လူစည်ကားရာမြို့လယ်နေရာဖြစ်တဲ့ အဲဒီနေရာမှာ အမြဲလိုလို စစ်သား ၄ ယောက်လောက် စောင့်နေတတ်ပြီး အဲသည်လိုလုံခြုံရေးတင်းကြပ်ထားတဲ့ကြားကပေါက်ကွဲတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

မုံရွာမြို့ ကိုဗစ်ကူးစက်မှု့လျော့ချရေးအကြောင်းပြပြီးစစ်​ကောင်စီက ဒေသခံများကို နေ့ခင်း ၁၀နာရီက​နေ ည​နေ ၄ နာရီအထိ့ မထွက်ရအမိန့်ထုတ်ထားပြီးဆိုင်များအားလုံး‌ နေ့ခင်းဘက်ပိတ်ခိုင်းထားကာ လုံခြုံရေးတင်းတင်းကြပ်ကြပ်ချထားတယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

မုံရွာမြို့မှာ ဩဂုတ်၃၀ရက် ညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ဦး နေအိမ်အတွင်းပိတ်မိပြီး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။