Connect with us

Hi, what are you looking for?

News

ဖယ်ခုံတွင်တိုက်ပွဲဆက်ဖြစ် စစ်ကောင်စီ ငါးဦးဒဏ်ရာရ

စစ်ကောင်စီဘက်ကလည်း ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့များ ပါဝင်ကာ ကရင်နီဒေသ၌ စစ်ရေးလှုပ်ရှား ထိုးစစ်ဆင်လျက်ရှိသည်။ ထို့ကြောင့် ဖယ်ခုံ၊ ဒီးမော့ဆို၊ ဖရူဆို ဒေသများ၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ယနေ့နံနက်ပိုင်းက တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီ တပ်ဖွဲ့ဝင် ငါးဦးဒဏ်ရာရရှိပြီး ဖယ်ခုံပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF-Pekhon)မှ တစ်ဦးဒဏ်ရာရရှိကြောင်း PDF-Pekhonက သတင်းထုတ်ပြန်သည်။
ယနေ့နံနက် ၁၁နာရီခွဲတွင် ဖယ်ခုံမြို့နယ် ခေါင်းမိုင်းကျေးရွာတွင် ပစ်ခတ်မှု ဖြစ်ပွားနေပြီး တိုက်ပွဲဆက် လက်ဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။

ယမန်နေ့ကလည်း ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်ကြားတွင် ၁၁ နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ PDF ဘက်မှ ဒဏ်ရာရသူ နှစ်ဦး ရှိပြီး စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရ သေဆုံးမှုများပြားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲတွင် ဖယ်ခုံ PDF နှင့်အတူ ဒီးမော့ဆို PDF၊ မိုးဗြဲ PDF၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA)နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) တို့ ပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

စစ်ကောင်စီဘက်ကလည်း ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့များ ပါဝင်ကာ ကရင်နီဒေသ၌ စစ်ရေးလှုပ်ရှား ထိုးစစ်ဆင်လျက်ရှိသည်။ ထို့ကြောင့် ဖယ်ခုံ၊ ဒီးမော့ဆို၊ ဖရူဆို ဒေသများ၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ