Connect with us

Hi, what are you looking for?

News

မင်းတပ်တွင် CDFနှင့် စစ်​ကောင်စီတို့ စစ်မျက်နှာနှစ်ခုဖွင့် တိုက်ပွဲဖြစ်၊ တိုက်ပွဲပြင်းထန်ဟုဆို

မင်းတပ်မြို့၏ အ​နောက်ခြမ်းစစ်မျက်နှာတွင် စစ်ကောင် စီဘက်မှ အင်အား ၁၅၀ခန့်ရှိပြီး နံနက် ၈နာရီတွင် တိုက်ပွဲစတင်ခဲ့သည်ဟု ဆိုသည်။

People's Spring
People's Spring

မင်းတပ်မြို့နယ်တွင် ယ​နေ့ အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် တိုက်ပွဲစစ်မျက်နှာ နှစ်ခုဖြစ်ခဲပြီး စစ်​ကောင်စီဘက်မှ ​သေဆုံးနှင့် ဒဏ်ရာရရှိမှုနိုင်ပြီး CDFဘက်မှ ငါးဦး(မစိုးရိမ်ရ) ရရှိခဲ့​ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်​ရေးသတင်းအဖွဲ့က ယ​နေ့ညပိုင်းတွင် ထုတ်ပြန် သည်။

မင်းတပ်မြို့၏ အ​နောက်ခြမ်းစစ်မျက်နှာတွင် စစ်ကောင် စီဘက်မှ အင်အား ၁၅၀ခန့်ရှိပြီး နံနက် ၈နာရီတွင် တိုက်ပွဲစတင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲတွင် CDFဘပ်မှ နှစ်ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်ဟု ​ဖော်ပြထားသည်။

မြောက်ခြမ်းရှိ စစ်မျက်နှာတွင် စစ်​ကောင်စီဘက်မှ အင်အား ၁၃၀ ကျော်ရှိပြီး ၎င်းတို့က အဖွဲ့ နှစ်ဖွဲ့ခွဲပြီး ထုံကိန်းရွာအနီးတွင် စစ်​ကောင်စီတပ်ဖွဲ့တစ်ဖွဲ့နှင့် ယ​နေ့ည​နေ ၅နာရီခန့်တွင် တိုက်ပွဲစတင်ခဲ့​ပြီး ပြင်းထန်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲနှစ်ခုလုံးကို စစ်​ကောင်စီဘက်မှ အင်အားသာလွန်ပြီး လက်နက်ကြီးများ၊ ၄၀ မမ၊ ၆၀ မမ၊ ပခုံးထမ်းလောင်ချာများဖြင့် တရစပ် ထိုးစစ်ဆင်ခဲ့​ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ တိုက်ပွဲတွင် စစ်​ကောင်စီဘက်မှ ဒဏ်ရာရရှိသူနှင့် ​သေဆုံးမှုရှိနိုင်ပြီး CDFဘက်မှသုံးဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့​ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook