Connect with us

Hi, what are you looking for?

News

တိုက်ပွဲစတင်ရန် မနားမနေပြင်ဆင်နေဟု NUG ယာယီသမ္မတပြော

တိုက်ပွဲစတင်မည့် ရက်ညှိနှိုင်းသတ်မှတ်ပြီးသည့်အခါတွင် cabinet ကို ပြန်လည်တင်ပြကာ ဝိုင်းဝန်းဆုံးဖြတ်ကြမည်ဖြစ်သည်ဟုလည်း ယာယီသမ္မတက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် နေ့စဉ်နှင့်အမျှ သတ်ဖြတ်ခံနေရသည့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် မလွဲမသွေတိုက်ပွဲဝင်ရတော့မည်ဖြစ်၍ ကြိုတင်ပြင်ဆင်မှုများကို တာဝန်ရှိသူများက မရပ်မနား ဆောင်ရွက်နေကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေးကို ယနေ့(ဩဂုတ် ၁၇ရက်)တွင် ပြုလုပ်ရာယာယီသမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲစတင်မည့် ရက်ညှိနှိုင်းသတ်မှတ်ပြီးသည့်အခါတွင် cabinet ကို ပြန်လည်တင်ပြကာ ဝိုင်းဝန်းဆုံးဖြတ်ကြမည်ဖြစ်သည်ဟုလည်း ယာယီသမ္မတက ပြောကြားသည်။

အစည်းအဝေးတွင် လာမည့် စက်တင်ဘာလ၌ UN သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားနိုင်ရေးကိစ္စ၊ အာဆီယံမှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် လာရောက်သည့်အချိန်တွင်လည်း NUG အနေဖြင့် တွေ့ဆုံဆွေးနွေးဖို့ရန် မူဝါဒများချမှတ်ထားရန်လိုအပ်မှု၊ Covid-19 ထိန်းချုပ်ကာကွယ်ရေးကိစ္စတို့ကိုဆွေးနွေးခဲ့ကြောင်း NUG က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Covid -19 ကာကွယ်ရေးတွင် စစ်ကောင်စီ၏စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊လူထုကိုကာကွယ်ရမယ့်အစား ၎င်းတို့ရဲ့အာဏာကိုသာ ကာကွယ်လိုမှုများသည် ပြည်ထောင်စု မြန်မာနိုင်ငံတော် ပျက်သုန်းစေဖို့ဖြစ်နေခြင်းကြောင့် Covid – 19 ကာကွယ်ရေးကိစ္စတွင် အစိုးရအဖွဲ့တစ်ဖွဲ့လုံးရော ပြည်သူများပါ အလေးထားဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

Facebook