Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် အာဂျင်တီးနားတရားရုံးမှာ ရိုဟင်ဂျာငါးဦး ပထမဆုံးအကြိမ်သက်သေထွက်ဆို

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာခံခဲ့ရသူ ၅ ဦးဟာ အာဂျင်တီးနားမြို့တော် Buenos Aires မှာ ရှိတဲ့ ဖက်ဒရယ်ရာဇဝတ်မှုဆိုင်ရာ တရားရုံးမှာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ သက် သေထွက်ဆိုတာဖြစ်ပါတယ်။

မြန်မာနိုင်ငံက နှင်ထုတ်ခံခဲ့ရတဲ့ ဒုက္ခသည်တွေဟာ အာဂျင်တီးနားတရားရုံးမှာ ပထမဆုံးအကြိမ် သက်သေအဖြစ်ထွက်ဆိုခဲ့ပြီး အကြမ်းဖက်စစ်တပ်က သူတို့အပေါ်ကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေ နဲ့ပတ်သက်လို့ အပြည့်အ၀တရားစီရင် စုံစမ်းဖော်ထုတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

၂၀၁၇ တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ဟာ ထောင်ပေါင်းများစွာ သတ်ဖြတ် ခဲ့တယ်လို့ ယုံကြည်ရပြီး ရိုဟင်ဂျာ ခုနစ်သိန်းခွဲကို ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွေဆီ အတင်းအကျပ်ထွက်ပြေးစေခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ စစ်တပ်တပ်ဖွဲ့ဝင်တွေဟာ ရိုဟင်ဂျာတွေ အပေါ် အဓမ္မပြုကျင့်တာ၊ သတ်ဖြတ်တာနဲ့ မီးရှို့ဖျက်ဆီးတာတွေ ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကျူးလွန်ခဲ့မှုတွေအတွက် မြန်မာခေါင်းဆောင်တွေကို အရေးယူဖို့အတွက် ‘အပြည်ပြည်ဆိုင် ရာ တရားစီရင်ပိုင်ခွင့်’ အရ အာဂျင်တီးနားတရားရုံးတစ်ခုမှာ အမှုဖွင့်ခဲ့ပြီး ကာယကံရှင်တွေက သက်သေအဖြစ် အဝေးကနေ ထွက်ဆိုချက်ပေးတာဖြစ်ပါတယ်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာခံခဲ့ရသူ ၅ ဦးဟာ အာဂျင်တီးနားမြို့တော် Buenos Aires မှာ ရှိတဲ့ ဖက်ဒရယ်ရာဇဝတ်မှုဆိုင်ရာ တရားရုံးမှာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ သက် သေထွက်ဆိုတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“ဆယ်စုနှစ်များစွာ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို ပြည်သူအဖြစ်ကနေ ဖယ်ထုတ်ဖို့ကြိုးပမ်းမှုအတွက် အပြစ်ဒဏ်ကနေ ကင်းလွတ်နေခဲ့ပါတယ်” လို့ အာဂျင်တီးနားမှာ အမှုဖွင့်ဖို့ လျှောက်ထားခဲ့တဲ့အဖွဲ့ခေါင်းဆောင် ဦးထွန်းခင်က ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ကတော့ ဂျီနိုဆိုက်ကျူးလွန်မှုတွေကို ငြင်းဆန်ထားပြီး ၂၀၁၇ နယ်မြေရှင်းလင်းရေးဟာ ရိုဟင်ဂျာတပ်ဖွဲ့တွေကို အမြစ်ဖြတ်တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ကျူးလွန်ခဲ့မှုတွေနဲ့ပတ်သက်လို့ OIC အဖွဲ့ဝင်နိုင်ငံတွေ ကိုယ်စား ဂမ်ဘီယာက တရားလိုပြုလုပ်ကာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ မြန်မာနိုင်ငံကို ၂၀၁၉ နှစ်ကုန်ပိုင်းက တရားစွဲဆိုထားပါတယ်။

မြန်မာနိုင်ငံဟာ အာဂျင်တီးနားတရားရုံးမှာ အမှုဖွင့်တာကို တစ်စုံတစ်ရာတုံ့ပြန်ဆောင်ရွက်တာ မရှိပေမယ့် ကုလသမဂ္ဂတရားရုံးဖြစ်တဲ့ ICJ မှာတော့ အမှုရင်ဆိုင်နေပါတယ်။

ကိုးကား – Eastern Eye

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၁)မှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၃၁)မှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ ဆန္ဒထုတ်ဖော်မှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၂၆)မှာ စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ အူဆန်မြို့တွင် ကိုရီးယားရောက် မြန်မာများ ပူပေါင်း၍ မြန်မာစစ်တပ်ကူညီထောက်ပံနေသော တရုတ်အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြပွဲကို ယနေ့ (မေလ၂၅) ပြုလုပ်ခဲ့သည်။