Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် အာဂျင်တီးနားတရားရုံးမှာ ရိုဟင်ဂျာငါးဦး ပထမဆုံးအကြိမ်သက်သေထွက်ဆို

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာခံခဲ့ရသူ ၅ ဦးဟာ အာဂျင်တီးနားမြို့တော် Buenos Aires မှာ ရှိတဲ့ ဖက်ဒရယ်ရာဇဝတ်မှုဆိုင်ရာ တရားရုံးမှာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ သက် သေထွက်ဆိုတာဖြစ်ပါတယ်။

မြန်မာနိုင်ငံက နှင်ထုတ်ခံခဲ့ရတဲ့ ဒုက္ခသည်တွေဟာ အာဂျင်တီးနားတရားရုံးမှာ ပထမဆုံးအကြိမ် သက်သေအဖြစ်ထွက်ဆိုခဲ့ပြီး အကြမ်းဖက်စစ်တပ်က သူတို့အပေါ်ကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေ နဲ့ပတ်သက်လို့ အပြည့်အ၀တရားစီရင် စုံစမ်းဖော်ထုတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

၂၀၁၇ တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ဟာ ထောင်ပေါင်းများစွာ သတ်ဖြတ် ခဲ့တယ်လို့ ယုံကြည်ရပြီး ရိုဟင်ဂျာ ခုနစ်သိန်းခွဲကို ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွေဆီ အတင်းအကျပ်ထွက်ပြေးစေခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ စစ်တပ်တပ်ဖွဲ့ဝင်တွေဟာ ရိုဟင်ဂျာတွေ အပေါ် အဓမ္မပြုကျင့်တာ၊ သတ်ဖြတ်တာနဲ့ မီးရှို့ဖျက်ဆီးတာတွေ ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကျူးလွန်ခဲ့မှုတွေအတွက် မြန်မာခေါင်းဆောင်တွေကို အရေးယူဖို့အတွက် ‘အပြည်ပြည်ဆိုင် ရာ တရားစီရင်ပိုင်ခွင့်’ အရ အာဂျင်တီးနားတရားရုံးတစ်ခုမှာ အမှုဖွင့်ခဲ့ပြီး ကာယကံရှင်တွေက သက်သေအဖြစ် အဝေးကနေ ထွက်ဆိုချက်ပေးတာဖြစ်ပါတယ်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာခံခဲ့ရသူ ၅ ဦးဟာ အာဂျင်တီးနားမြို့တော် Buenos Aires မှာ ရှိတဲ့ ဖက်ဒရယ်ရာဇဝတ်မှုဆိုင်ရာ တရားရုံးမှာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ သက် သေထွက်ဆိုတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“ဆယ်စုနှစ်များစွာ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို ပြည်သူအဖြစ်ကနေ ဖယ်ထုတ်ဖို့ကြိုးပမ်းမှုအတွက် အပြစ်ဒဏ်ကနေ ကင်းလွတ်နေခဲ့ပါတယ်” လို့ အာဂျင်တီးနားမှာ အမှုဖွင့်ဖို့ လျှောက်ထားခဲ့တဲ့အဖွဲ့ခေါင်းဆောင် ဦးထွန်းခင်က ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ကတော့ ဂျီနိုဆိုက်ကျူးလွန်မှုတွေကို ငြင်းဆန်ထားပြီး ၂၀၁၇ နယ်မြေရှင်းလင်းရေးဟာ ရိုဟင်ဂျာတပ်ဖွဲ့တွေကို အမြစ်ဖြတ်တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ကျူးလွန်ခဲ့မှုတွေနဲ့ပတ်သက်လို့ OIC အဖွဲ့ဝင်နိုင်ငံတွေ ကိုယ်စား ဂမ်ဘီယာက တရားလိုပြုလုပ်ကာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ မြန်မာနိုင်ငံကို ၂၀၁၉ နှစ်ကုန်ပိုင်းက တရားစွဲဆိုထားပါတယ်။

မြန်မာနိုင်ငံဟာ အာဂျင်တီးနားတရားရုံးမှာ အမှုဖွင့်တာကို တစ်စုံတစ်ရာတုံ့ပြန်ဆောင်ရွက်တာ မရှိပေမယ့် ကုလသမဂ္ဂတရားရုံးဖြစ်တဲ့ ICJ မှာတော့ အမှုရင်ဆိုင်နေပါတယ်။

ကိုးကား – Eastern Eye

ဆက်စပ်သတင်းများ

သတင်း

မြန်မာစစ်တပ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ကုမ္ပဏီတွေကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC)ကရှယ်ယာရောင်းမယ့်ကိစ္စကို ထိုင်းနိုင်ငံရဲ့ ‌ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)က ဆိုင်းငံ့လိုက်တဲ့အပေါ် Justice For Myanmar (JFM) က ကြိုဆိုလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာ ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် ဒေသခံအရပ်သားပြည်သူတွေကို စစ်တပ်က ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေပြီး အခု ၂ပတ်အတွင်း ဖမ်းဆီးခံရသူ ၁၆ ဦးထက်မနည်း ရှိသွားခဲ့ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်ရာဇဝတ်မှုများစွာ ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှုများကို အကြိမ်ကြိမ်ကျူးလွန်ပြီး သမ္မတ ရာထူးကို အဓမ္မရယူထားသူဖြစ်တယ်ဆိုတာပြတ်ပြတ်သားသားမြင်ကြဖို့လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မင်းဝင်းခိုင်သန်းက ပြောကြားခဲ့ပြီး မင်းအောင်လှိုင်ဟာ သမ္မတဖြစ်ဖို့ တိုင်းပြည်နဲ့လူထု အကျိုးစီးပွားကို ချနင်းခဲ့ဟု အသိပေးပါတယ်။