Connect with us

Hi, what are you looking for?

News

ဖာပွန်နယ်တွင် နှစ်ရက်အတွင်းတိုက်ပွဲကိုးကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်မှ ၁၂ဦးသေ

တပ်မဟာ(၅) ထိန်းချုပ်နယ်မြေတွင် အာဏာလုစစ်ကောင်စီလက်အောက်ခံတပ်များက စစ်အင်အားတိုးချဲ့ဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲများနေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိကြောင်း KNU က ထုတ်ပြန်ထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA)တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင်အတွင်း၌ တိုက်ပွဲဆက်လက်ဖြစ်ပွား၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦး ထပ်မံသေဆုံးကြောင်း KNU တပ်မဟာ(၅)က ယနေ့ ထုတ်ပြန်သည်။

ဩဂုတ် ၂၁ရက်နှင့် ၂၂ရက် နှစ်ရက်တာအတွင်း ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLAနှင့် နယ်မြေကျူးကျော်ဝင်ရောက်လာသည့် အာဏာလုစစ်ကောင်စီတို့ အကြား ရင်ဆိုင် တိုက်ပွဲပေါင်း ၉ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၂ဦးသေဆုံးကာ ၁၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်ခဲ့သည်။ KNLA ဘက်က အကျအဆုံးမရှိဟုလည်း ဖော်ပြထားသည်။

တပ်မဟာ(၅) ထိန်းချုပ်နယ်မြေတွင် အာဏာလုစစ်ကောင်စီလက်အောက်ခံတပ်များက စစ်အင်အားတိုးချဲ့ဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲများနေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိကြောင်း KNU က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook