Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖာပွန်နယ်တွင် နှစ်ရက်အတွင်းတိုက်ပွဲကိုးကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်မှ ၁၂ဦးသေ

တပ်မဟာ(၅) ထိန်းချုပ်နယ်မြေတွင် အာဏာလုစစ်ကောင်စီလက်အောက်ခံတပ်များက စစ်အင်အားတိုးချဲ့ဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲများနေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိကြောင်း KNU က ထုတ်ပြန်ထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA)တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင်အတွင်း၌ တိုက်ပွဲဆက်လက်ဖြစ်ပွား၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦး ထပ်မံသေဆုံးကြောင်း KNU တပ်မဟာ(၅)က ယနေ့ ထုတ်ပြန်သည်။

ဩဂုတ် ၂၁ရက်နှင့် ၂၂ရက် နှစ်ရက်တာအတွင်း ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLAနှင့် နယ်မြေကျူးကျော်ဝင်ရောက်လာသည့် အာဏာလုစစ်ကောင်စီတို့ အကြား ရင်ဆိုင် တိုက်ပွဲပေါင်း ၉ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၂ဦးသေဆုံးကာ ၁၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်ခဲ့သည်။ KNLA ဘက်က အကျအဆုံးမရှိဟုလည်း ဖော်ပြထားသည်။

တပ်မဟာ(၅) ထိန်းချုပ်နယ်မြေတွင် အာဏာလုစစ်ကောင်စီလက်အောက်ခံတပ်များက စစ်အင်အားတိုးချဲ့ဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲများနေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိကြောင်း KNU က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။