Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်နဲ့ စစ်ရေးဆိုင်ရာပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်မယ်လို့ ရုရှားပြော

“စစ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာနည်းပညာနယ်ပယ်တွေ အပါအဝင် ကျွန်တော်တို့ နှစ်နိုင်ငံတွေအကြား ဆက်ဆံရေးတိုးချဲ့၊မြှင့်တင်ဖို့ လုပ်ဆောင်သွားမှာပါ” လို့ ရုရှားဒုဝန်ကြီးဖိုမင်က ပြောပါတယ်။

အကြမ်းဖက်မြန်မာစစ်တပ်နဲ့ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံတကာတပ်မတော်အားကစားပြိုင်ပွဲနဲ့ စစ်ဘက်ဆိုင်ရာနည်းပညာဖိုရမ် ၂၀၂၁ တက်ရောက်ဖို့ ရုရှားကိုရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး မောင်မောင်အေးနဲ့ ရုရှားကာကွယ်ရေးဒုတိယဝန်ကြီးတို့ ဒီနေ့တွေ့ဆုံဆွေးနွေးရာမှာ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ ပြောကြားခဲ့တာပါ။

“စစ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာနည်းပညာနယ်ပယ်တွေ အပါအဝင် ကျွန်တော်တို့ နှစ်နိုင်ငံတွေအကြား ဆက်ဆံရေးတိုးချဲ့၊မြှင့်တင်ဖို့ လုပ်ဆောင်သွားမှာပါ” လို့ ရုရှားဒုဝန်ကြီးဖိုမင်က ပြောပါတယ်။

မြန်မာနိုင်ငံဟာ ရုရှားရဲ့ အာရှ-ပစိဖိတ်ဒေသမှာ ယုံကြည်ရတဲ့ မဟာဗျူဟာကျမိတ်ဖက်ဖြစ်ပြီး ပြည်တွင်းနိုင်ငံရေးအခြေအနေဟာ ဆိုးရွားနေတယ်လို့ ရုရှားက လက်ခံပါတယ်။ ဒါပေမဲ့ မြန်မာ ခေါင်းဆောင်ပိုင်းဟာ တည်ငြိမ်းရေးရရှိဖို့ အစွမ်းကုန်လုပ်ဆောင်နေတယ်လို့ ရုရှားက ယူဆနေ ပါတယ်။

Public Service Announcement

Public Service Announcement

ဥပဒေမဲ့ အာဏာသိမ်းတဲ့ ၇ လအတွင်းအကြမ်းဖက်မြန်မာစစ်တပ်ကို နိုင်ငံတကာမျက်နှာစာမှာ ရုရှားကလွဲလို့ ဘယ်နိုင်ငံကမှ အသိအမှတ်ပြုလက်ခံခြင်းမရှိပါဘူး။ ရုရှားဟာ အကြမ်းဖက်စစ်တပ်အတွက် စစ်လက်နက်တင်သွင်းရာအဓိကနိုင်ငံဖြစ်ပြီး အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာလည်း ပြီးခဲ့တဲ့ ဇွန်လက ရုရှားကို ရက်အတန်ကြာသွားရောက်လည်ပတ်ခဲ့ပါတယ်။

ကိုးကား – TASS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook