Connect with us

Hi, what are you looking for?

News

လွိုင်ကော်မြို့နယ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှသေဆုံးထိခိုက်ပြီး လက်နက်အချို့ရရှိဟု KNDF ထုတ်ပြန်

တိုက်ပွဲမှာ ကွန်းနားကျေးရွာအနီး၌ ယနေ့မနက်ပိုင်းက တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေါတဟေး ကျေးရွာအနီး တွင် နေ့လည်နှင့် ညနေပိုင်းတို့၌ တိုက်ပွဲ သုံးကြိမ်ဖြစ်ခဲ့သည်ဟုဆိုသည်။

ရှမ်း -ကယားနယ်စပ် လွိုင်ကော်မြို့နယ် လွိုင်လင်လေး ဒေသ၌ ယနေ့ စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ လေးကြိမ်ဖြစ်ပွားခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က ထုတ်ပြန်သည်။

လွိုင်လင်လေးဒေသ တီးလုံအုပ်စု၊ ကွန်နားကျေးရွာနှင့် ဒေါတဟေးကျေးရွာအနီးတွင် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီများကို ကရင်နီတပ်မတော် (KA) နှင့် KNDF တို့မှ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲမှာ ကွန်းနားကျေးရွာအနီး၌ ယနေ့မနက်ပိုင်းက တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေါတဟေး ကျေးရွာအနီး တွင် နေ့လည်နှင့် ညနေပိုင်းတို့၌ တိုက်ပွဲ သုံးကြိမ်ဖြစ်ခဲ့သည်ဟုဆိုသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်များဘက်မှ ကျဆုံးမှုများရှိခဲ့သော်လည်း အရေအတွက် ကို အတည်မပြုနိုင်သေးကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်များထံမှ လက်နက် ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များကလည်း လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ခဲ့၍ ကွန်နားကျေးရွာရှိ နေအိမ်များပျက်စီးခဲ့ကြောင်း၊ စစ်ကောင်စီတပ်များသည် အင်အား (၃၀၀) ကျော်ဖြင့် လွိုင်ကော်မြို့နယ်၊ တီးလုံကျေးရွာအုပ်စုအတွင်း ထိုးစစ်ဆင်နေ၍ ဒေသခံ ပြည်သူများ စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း KNDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။