Connect with us

Hi, what are you looking for?

News

မတရားဖမ်းဆီးခံရသူ​တွေရဲ့ ၈၂ ရာခိုင်နှုန်းကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရ

အကြမ်းဖက်စစ်တပ်အာဏာသိမ်းချိန်ကစလို့ ဒီနေ့အထိ ဖမ်းဆီးခံရသူ စုစုပေါင်း ၇၆၂၇ ဦး ရှိခဲ့ရာ ဖမ်းဆီးခံများကို ဘယ်နေရာမှာချုပ်နှောင်ထိန်းသိမ်းထားတယ်ဆိုတာကို စစ်အုပ်စုက ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။

(ကမာရွတ်မြို့နယ်၌ စစ်​ကောင်စီအဖွဲ့က ရှာ​ဖွေစစ်​ဆေး​ရေးလုပ်​နေစဥ်၊ ဓါတ်ပုံ - CJ)

အကြမ်းဖက်စစ်တပ် အာဏာသိမ်းချိန်စလို့ မတရားဖမ်းဆီးခံရသူတွေအားလုံးရဲ့ ၈၂ ရာခိုင်နှုန်းကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရရှိဘူးလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီလိုတရားလက်လွတ်ဖမ်းဆီးထိန်းသိမ်းချုပ်နှောင်ခံထားရသူများအား ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို စစ်အုပ်စုက ထုတ်ဖော်ပြောကြားဖို့ နိုင်ငံ တကာအသိုင်းအဝိုင်းက တောင်းဆိုဖို့လိုအပ်တယ်လို့လည်း AAPP က တိုက်တွန်းပါတယ်။

ဒီနေ့ ဩဂုတ် ၃၀ ရက်ဟာ အပြည်ပြည်ဆိုင်ရာ အတင်း အဓမ္မအစအနပျောက်ဆုံးစေမှုဒဏ်ခံရသူ များနေ့ဖြစ်ပြီး စစ်တပ်အာဏာသိမ်းချိန်ကစလို့ မြန်မာပြည်သူလူထုတစ်ရပ်လုံးကို ခြိမ်းခြောက် နေတဲ့ သူတို့ရဲ့ လူမဆန်တဲ့ကျူးလွန်မှုတွေထဲမှာ ပါဝင်နေတဲ့ပြည်သူများကို အတင်းအဓမ္မအစအန ပျောက်ဆုံးစေမှုတွေကို နိုင်ငံ တကာအသိုင်းအဝိုင်းက သတိမူပြီး အရေးယူမှုလုပ် ဆောင်ဖို့လည်း AAPP က တောင်းဆိုပါတယ်။

အကြမ်းဖက်စစ်တပ်အာဏာသိမ်းချိန်ကစလို့ ဒီနေ့အထိ ဖမ်းဆီးခံရသူ စုစုပေါင်း ၇၆၂၇ ဦး ရှိခဲ့ရာ ဖမ်းဆီးခံများကို ဘယ်နေရာမှာချုပ်နှောင်ထိန်းသိမ်းထားတယ်ဆိုတာကို စစ်အုပ်စုက ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။

Public Service Announcement

Public Service Announcement

မိသားစုကိုယ်တိုင်၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ရှေ့နေတွေ၊ မီဒီယာတွေ စတာတွေရဲ့ ကြိုးပမ်း အားထုတ်မှုကြောင့်သာ ဖမ်းဆီးခံရသူအချို့ဟာ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ သိရှိရခြင်း ဖြစ်ပါတယ်။

“နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုတောင် ဒီကနေ့အထိ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မထုတ်ပြန်တဲ့အပြင် ရှေ့နေတွေနဲ့ တွေ့ခွင့် ကိုပါ ပိတ်ပင်တာတွေ လုပ်လာခဲ့တယ်။ ဒီလိုရည်ရွယ်ချက်ရှိရှိ အစအနပျောက်ဆုံးစေခြင်းဟာ ပြည်သူတွေရဲ့လုံခြုံရေးကို ကြီးမားစွာခြိမ်းခြောက်တာဖြစ်ပြီး နိုင်ငံတကာဥပဒေတွေကိုလည်း စိန်ခေါ်ရာရောက်ပါတယ်”လို့ AAPP အတွင်းရေးမှူးဦးတိတ်နိုင်က ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ အလိုရှိသူကို ဖမ်းမမိတဲ့အခြေအနေမျိုးမှာ မိသားစုဝင်တွေကို ဓားစာခံအဖြစ်ဖမ်းဆီးခြင်းတွေ ပြုလုပ်နေပြီး အဲဒီဓားစာခံတွေကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ် ဆိုတာ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

အဲဒီလို ဓားစာခံခေါ်ယူဖမ်းဆီးခံရသူတွေထဲမှာ အရွယ်မရောက်သေးတဲ့ လူမမယ် ကလေးငယ်တွေပါ ပါဝင်နေပါတယ်။

နောက်ပြီး ဖမ်းဆီးခံရပြီးမှာ စစ်ကြောရေးစခန်းတွေမှာ ညှင်းပန်းနှိပ်စက်ခံရတာကြောင့် ဘယ်သူမှ မသိလိုက်ဘဲ အသက်သေဆုံးသွားရမှုပင်ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်ကို မြန်မာပြည်သူတွေ နေ့စဉ်ရင်ဆိုင်နေရပါတယ်။

AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က “ဒီလိုလုပ်ရပ်ဟာ အထိန်းသိမ်းခံရသူတွေကို ခြိမ်းခြောက်နေတာတင်မကဘဲ မိသားစုဝင်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုပါ ထိခိုက်နစ်နာခံစား ရအောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။ ချစ်ခင်ရသူတစ်ဦးဦးကို ဘယ်နေရာမှာ ထိန်းသိမ်းထား တယ်ဆိုတာ တရားဝင်အသိမပေးဘဲ ရည်ရွယ်ချက်ရှိရှိ ထိန်ချိန်ထားခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှု အသွင်တစ်ခုဖြစ်သလို ရုပ်ပိုင်းဆိုင်ရာအရပါ ဖိစီးနှိပ်စက်ခြင်းမြောက်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ အသုံးပြုကျူးလွန်နေတာဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့အဆိုးရွားဆုံးရာဇဝတ်မှုတွေထဲက တစ်ခုဖြစ် ပါတယ်” လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။