Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ကရင်နီပြည်တွင်ဧရိယာ ၂၀၀ ခန့်၌ ​မြေမြုပ်မိုင်း ​​ထောင်ထား

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

(စစ်​ကောင်စီ​ထောင်ထား​သော​မြေမြှပ်မိုင်းများကို ရှင်းလင်းပြီး ရရှိ​သော​မြေမြှပ်မိုင်းများကို ပြသ​နေ​သော KNDF တပ်ဖွဲ့ဝင်တစ်ဦး ။ ။​ဓါတ်ပုံ-AFP)
(စစ်​ကောင်စီ​ထောင်ထား​သော​မြေမြှပ်မိုင်းများကို ရှင်းလင်းပြီး ရရှိ​သော​မြေမြှပ်မိုင်းများကို ပြသ​နေ​သော KNDF တပ်ဖွဲ့ဝင်တစ်ဦး ။ ။​ဓါတ်ပုံ-AFP)

▪︎ယခုနှစ်သုံးလအတွင်း ကရင်နီပြည်တွင် ​မြေမြှပ်မိုင်း​ကြောင့် ၂ ဦး​သေဆုံးပြီး ဒဏ်ရာရသူ ၃၀ ခန့်ရှိ

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၏ ဧရိယာ ၂၀၀ ခန့်တွင် စစ်ကောင်စီက မြေမြှုပ်မိုင်းများ ထောင်ထားကြောင်း Karenni Human Rights Group ဦးဆောင်သူ ဦးဗညားက လူထုနွေဦးသို့ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြ​တောင်းဆိုမှုများကို စစ်အုပ်စုကအကြမ်းဖက်ဖြိုခွဲ ခဲ၍ လူငယ်အများစုက လက်နက်ကိုင်ခုခံတော်လှန်ခဲ့ကြရာတွင် ကရင်ပြည်နယ်မှာလည်း ခုခံ​တော်လှန်မှုအား​ကောင်းသည်။ကရင်နီပြည်တိုက်ပွဲများတွင် အထိနာ​သော စစ်ကောင်စီက လူနေရပ်ကွက်များတွင်ပါ မြေမြှုပ်မိုင်းများစွာအသုံးပြုခဲ့သည်ဟုသိရသည်။

“ကရင်နီပြည်နယ်ရဲ့ ဧရိယာ ၂၀၀ လောက်မှာ မြေမြှုပ်မိုင်းတွေအများအပြားရှိတယ် ဆိုတာ တပ်ပိုင်းဆိုင်ရာစာရင်းဇယားရထားတာရှိပါတယ်”ဟုဦးဗညားကပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် KHRG ၏ အချက်အလက်များအရ ယခုနှစ်သုံးလပတ်တာကာလအတွင်း မြေမြှုပ်မိုင်းကြောင့် ကရင်နီဒေသခံ ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီး နှစ်ဦးသေဆုံးခဲ့သည်။

“စစ်ကောင်စီကပစ်လို့ မ​ပေါက်ကွဲပဲကျန်ခဲ့တဲ့လက်နက်ကြီး ကျည်ဆံတွေကို ကစားလို့ ပေါက်ကွဲလို့ သေတာ ကလေးသုံးလေးယောက်ရှိသေးတယ်”ဟု ကရင်နီပြည်နယ်တွင်ရင်ဆိုင်နေရသည့် မြေမြှုပ်မိုင်းနှင့် စစ်ကျန်ပစ္စည်း အန္တရာယ်ကို KHRG ဦးဆောင်သူက ရှင်းပြသည်။

ကရင်နီပြည်နယ်ရှိ ရပ်ကွက်၊ကျေးရွာအများစု၌ မြေမြှုပ်မိုင်းများ အပါအဝင် အခြားမပေါက်ကွဲသေးသော ကြွင်းကျန် စစ်သုံးပစ္စည်းများ အန္တရာယ်မှာ ကြီးမားနေ ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က ဧပြီ ၃၀ ရင်နေ့တွင် ထုတ်ပြန်ထားသည်။

မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှုအရ မိုးဗြဲ၊ဖယ်ခုံ အပါအဝင် ကရင်နီပြည်နယ် ဒီးမော့ဆို၊ဖရူဆို၊လွိုင်ကော် အစရှိသည့် တိုက်ပွဲ ဖြစ်ပွားရာ နေရာများတွင် စစ်ကောင်စီကမြေမြှုပ်မိုင်း နှင့် တိုက်မိုင်း များစွာကို လူနေရပ်ကွက်များ၊သာသနာရေးဆိိုင်ရာ အဆောက် အအုံများ၌ အသုံးပြုခဲ့သည်ကိုတွေ့ရသည်။

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

ထို့ကြောင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကရင်နီပြည် အတွင်း တော်လှန်ရေးတပ်ပေါင်းစုံနှင့် လက်တွဲ၍ ပြည်သူများ နေထိုင်သည့် ရပ်ကွက်၊ကျေးရွာများ အတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေးကို ကြိုးစားဆောင်ရွက်နေကြောင်း အသိပေးသည်။

ထို့ကြောင့် မိုင်းများ နှင့် စစ်သုံးပစ္စည်းအန္တရာယ်မှ ကာကွယ်ရေး အတွက် သက်ဆိုင်ရာ မြို့နယ်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ နှင့် တော် လှန်ရေး တပ်ပေါင်းစုံမှ တာ ဝန်ရှိသူများ၏ အတည်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ ပြည်သူများအနေဖြင့် ရပ် ကွက်၊ ကျေးရွာများတွင် ပြန်လည် နေထိုင်ခြင်း မပြုရန် IEC ကသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။