Connect with us

Hi, what are you looking for?

သတင်း

ချင်းတပ်ဖွဲ့များအချင်းချင်း စစ်ရေးပဋိပက္ခ မဖြစ်စေရေး ကြိုးပမ်းနေကြောင်း CNF ပြော

ချင်းညီနောင်အဖွဲ့များအနေဖြင့်စစ်ဆင်ရေးဖော်ဆောင်ရာ၌ CNF/CNA နှင့်အတူ ပူးပေါင်းပါဝင်စေချင်သည်ဟုလည်း ဆလိုင်းထက်နီက ပြောကြားသည်။

(စစ်​ရေးပြ အခမ်းအနားတစ်ခုတွင် CNF/CNA တပ်ဖွဲ့ဝင်များကို​တွေ့ရစဥ်။ ဓါတ်ပုံ-Chinland Information Centre)
(စစ်​ရေးပြ အခမ်းအနားတစ်ခုတွင် CNF/CNA တပ်ဖွဲ့ဝင်များကို​တွေ့ရစဥ်။ ဓါတ်ပုံ-Chinland Information Centre)

ဟန်နွေ/People’s Spring

ချင်းလက်နက်ကိုင်တပ်ဖွဲ့များ အကြား စစ်ရေးပဋိပက္ခ မဖြစ်စေရေး ကြိုးပမ်းနေကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။

ချင်းညီနောင်အဖွဲ့ဝင် များဖြစ်သည့် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ(MTC/MDF)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU/PDF-Zoland)၊ ချင်းအမျိုးသား အဖွဲ့ချုပ်(CNO/CNDF)၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်(CNC/CDF-Mindat)၊ CDF-ကန်ပက်လက်၊ CDF မတူပီ တပ်မဟာ(၁) တို့က မေလ ၁ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ရာ CNF ဦးဆောင်သည့် ချင်းပြည်ကောင်စီ အဖွဲ့ဝင် တပ်ဖွဲ့များက စစ်ရေးလှုပ်ရှားမှုသည်ဒေသတွင်း ပဋိပက္ခကို ပိုမိုကြီးထွားစေပြီး အချင်းချင်း သွေးထွက်သံယိုမှုများကို ဦးတည်စေကြောင်း ဖော်ပြခဲ့သည်။

ချင်းအမျိုးသား အချင်းချင်းအကြား ထိပ်တိုက် ထိတွေ့မှု ရှောင်ရှားနိုင်ရန် ချင်းညီနောင် အနေဖြင့် အတန်တန် သတိပေးသည့်ကြားမှ ရှေ့ဆက်တိုး၍ စစ်ရေးလှုပ်ရှားပါကချင်းညီနောင် အဖွဲ့ဝင်များ အတူပူးပေါင်း တုန့်ပြန်တိုက်ခိုက်သွားမည်ဟု ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းနှင့်ပတ်သက်၍ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ယခုအခြေအနေသည် တော်လှန်ရေး၌ ဖြစ်လေ့ဖြစ်ထရှိသည့် စစ်ရေးဆိုင်ရာ ရာသီဥတု ဖောက်ပြန်မှု ဖြစ်သည်ဟု ပြောသည်။

ချင်းတပ်ဖွဲ့အချင်းချင်းအကြား စစ်ရေးပဋိပက္ခ မဖြစ်စေရန် ကြိုးပမ်းရန် ရှိမရှိ မေးမြန်းရာ ဆလိုင်းထက်နီက “ကြိုးပမ်းနေပါတယ်၊ စကစ က အတွင်းထဲ လာကစားမှာကိုလည်း သတိထားရတယ်၊အခုတောင်ဒေသငြိမ်းချမ်းရေးအကြောင်းပြပြီး တဖွဲ့ချင်းကို ချဉ်းကပ်မှု လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းကြားရတယ်” ဟု ပြောကြားသည်။

ချင်းညီနောင်အဖွဲ့များအနေဖြင့်စစ်ဆင်ရေးဖော်ဆောင်ရာ၌ CNF/CNA နှင့်အတူ ပူးပေါင်းပါဝင်စေချင်သည်ဟုလည်း ဆလိုင်းထက်နီက ပြောကြားသည်။

CNF နှင့် စစ်ရေးတင်းမာနေသည့်ချင်းညီနောင်တပ်ဖွဲ့သည် ရက္ခိုင့်တပ်တော်(AA)နှင့် မဟာမိတ် ပြုလုပ်ထားသည့် အဖွဲ့များဖြစ်သည်။ ယင်းအနက် MDF မာရာ တပ်နှင့် CNF/CDF ပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ပွားမှု အချို့ရှိခဲ့သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်းထိုးစစ်မှာ အဓိက တာဝန်ယူတဲ့ စစ်တပ်ရဲ့ တပ်မ(၇၇)တပ်ဖွဲ့တွေကို ပြန်လည်ရုတ်သိမ်းကာ ရဲတပ်ရင်းတွေနဲ့ အစားထိုးနေရာချထားတယ်လို့ သတင်းရရှိထားကြောင်း ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါးရ်က ပြောပါတယ်။

အတွေးအမြင်

ကမ္ဘာကြီးက စစ်ပွဲတွေကို အမြဲတမ်း တူညီတဲ့မျက်လုံးနဲ့ မကြည့်တတ်ပါဘူး။ တချို့သော ပဋိပက္ခတွေဟာ ကမ္ဘာ့မီဒီယာတွေရဲ့ အာရုံစိုက်မှု၊ နိုင်ငံတကာရဲ့ သံတမန်ရေးဖိအားနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အလျင်အမြန် ရရှိကြပေမယ့် တချို့ကတော့ နှစ်ပေါင်းများစွာ လူသားဆုံးရှုံးမှုတွေနဲ့အတူ ဆက်လက်ဖြစ်ပွားနေသော်လည်း တိတ်တဆိတ် မေ့လျော့ခံနေရတတ်ပါတယ်။