Connect with us

Hi, what are you looking for?

News

ထန်တလန်တိုက်ပွဲတွင် ကျဆုံးသွားသော ဆလိုင်းလျန်ထာထန်းအတွက် ဝမ်းနည်းကြောင်းCDF ထုတ်ပြန်

အလားတူ ရဲဘော်ဆလိုင်းလျန်ထာထန်း၏ ပေးဆပ်မှုများ စွမ်းတောင်ခဲ့မှုများကို ဦးညွတ်အလေးပြုကြောင်း CDF-Thantlang က ထုတ်ပြန်ထားသည်။

ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်ဆလိုင်းလျန်ထာထန်းကျဆုံးမှုအတွက် ချင်းပြည်သူ့ကာကွယ်ရေးတပ်(CDF-Thantlang)ကဝမ်းနည်းကြောင်း ယနေ့ ထုတ်ပြန်သည်။

ဆလိုင်းလျန်ထာထန်းသည် ယမန်နေ့(စက်တာဘာ ၄)က ထန်တလန်မြို့နယ် ရှေ့တန်းတစ်နေရာတွင် နိုင်ငံနှင့် လူမျိုးအတွက် အသက်ပေးသွားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် CDF-Thantlang အနေဖြင့် ဆလိုင်းလျန်ထာထန်း၏ ပေးဆပ်မှုအတွက် မိသားစုနှင့်ထပ်တူခံစားရကြောင်းနှင့် ၎င်းမျှော်မှန်းခဲ့သော စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ပေါ်ထွန်းရေးတို့အတွက် ဆက်လက်တိုက်ပွဲဝင် သွားမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အလားတူ ရဲဘော်ဆလိုင်းလျန်ထာထန်း၏ ပေးဆပ်မှုများ စွမ်းတောင်ခဲ့မှုများကို ဦးညွတ်အလေးပြုကြောင်း CDF-Thantlang က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်က မိုးမိတ်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ နေရာအနီးက (၇)မိုင်ရွာဒေသခံတွေကို တော်လှန်ရေးတပ်တွေနဲ့ ပတ်သက်နေတယ်လို့စွပ်စွဲပြီး စစ်တပ်က ခြိမ်းခြောက်ဖမ်းဆီးနေတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

သတင်း

ဖမ်းဆီးရသူအများစုဟာ စိတ်ကြွရူးသွပ်ဆေးပြားအလွန်အကျွံ သုံးစွဲထားပြီး ရှေ့ဆုံးကတက်ခိုင်းတဲ့ပြည်သူ့စစ်တွေဖြစ်​နေ

သတင်း

ရှမ်းတောင်ပိုင်းနဲ့ ကရင်နီပြည်ဒေသအစပ်က မိုးဗြဲမြို့မှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး အထိနာနေတဲ့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊မိုးဗြဲမြို့နယ်အတွင်းက တိုက်ပွဲတနေရာမှာ ရဲဘော် ၁ဦးကျဆုံးခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook