Connect with us

Hi, what are you looking for?

News

စက်တင်ဘာလအတွင်း ရဲနှင့်စစ်သား ၁၀ဦး CNDFထံ လာရောက်ပူးပေါင်း

ထိုသို့လာရောက်ပူးပေါင်းခဲ့သည့် ရဲနှင့် စစ်သားများကို ဆုကြေးငွေကျပ် သိန်း ၅၀ ချီးမြှင့်ပြီး လုံခြုံသည့် နေရာပို့ပေးခဲ့သည်ဟု CNDF/CNOက ထုတ်ပြန်သည်။

People's Spring
People's Spring

ပြီးခဲ့သည့်စက်တင်ဘာလအတွင်း ရဲနှင့်စစ်သား ၁၀ ဦး ဖလန်းမြို့အခြေစိုက်ချင်းအမျိုးသားတပ်ဖွဲ့ (CNDF)ထံ လာရောက်ပူးပေါင်းခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်သည်။

ထိုသို့လာရောက်ပူးပေါင်းခဲ့သည့် ရဲနှင့် စစ်သားများကို ဆုကြေးငွေကျပ် သိန်း ၅၀ ချီးမြှင့်ပြီး လုံခြုံသည့် နေရာပို့ပေးခဲ့သည်ဟု CNDF/CNOက ထုတ်ပြန်သည်။

ထိုသို့လာရောက်ပူးပေါင်းသည့် ၁၀ ဦးတွင် ပြည်သူရဲ့ ၈ ဦးနှင့် စစ်သား ၂ ဦးပါဝင်သည်ဟု ထုတ်ပြန်ချက်တွင်ပါဝင်သည်။ စက်တင်ဘာလ ၃၀ ရက်တွင် ဖလန်းအခြေစိုက် ခလရ (၂၆၈)မှ တပ်သားတစ်ဦး၊ သီးဘွာယ်တပ်မှ တပ်ကြပ်ကြီးတစ်ဦးနှင့် ရဲတပ်ကြပ်ကြီး တစ်ဦး စုစုပေါင်း သုံးဦးက CNDFထံ လက်နက်အပြည့်အစုံဖြင့် လာရောက်ပူးပေါင်းခဲ့သည်ဟု ဆိုသည်။

CNO/ CDNFသည် လက်နက်အပြည့်အစုံဖြင့် လာရောက်ပူးပေါင်းသည့် စစ်သားနှင့်ရဲများကို ဆုငွေကျပ်သိန်း ၅၀ ချီးမြှင့်ပြီး လုံခြုံသည့် နေရာ ပို့ဆောင်ပေးမည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

CNDFသည် ဖလန်းမြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး အာဏာရှင်တော်လှန်ရေးအား သွန်ခွန်စိုက်ဆောင်ရွက်နေသည့် ချင်းပြည်နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များအနက်မှ တစ်ခုဖြစ်သည်။ ၂၀၂၁ ဧပြီ ၁၃ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။