Connect with us

Hi, what are you looking for?

News

အခွန်ထမ်းဆောင်လိုတဲ့ ပြည်သူတွေ ird.nug-mm.net ကတဆင့် အခွန်ပေးဆောင်နိုင်ပြီ NUG ကြေညာ

ပြည်ထောင်စု လွှတ်တော် ကိုယ်စား ပြုကော်မတီ (CRPH) ဟာ ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်မှာ အတည်ပြု ပြဌာန်းခဲ့ပြီး ထူးခြား တဲ့ပြဌာန်းချက်အချို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အခွန်ထမ်းဆောင်လိုတဲ့ ပြည်သူတွေအနေနဲ့ ird.nug-mm.net ကတဆင့် အခွန်ပေးဆောင်နိုင်ပြီလို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

ပြည်ထောင်စု လွှတ်တော် ကိုယ်စား ပြုကော်မတီ (CRPH) ဟာ ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်မှာ အတည်ပြု ပြဌာန်းခဲ့ပြီး ထူးခြား တဲ့ပြဌာန်းချက်အချို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှာ ရရှိလာမယ့် အခွန်ဘဏ္ဍာငွေတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအထောက်အပံ့ ပေးရေး နဲ့ ကျန်းမာရေး၊ ပညာရေး ဆိုင်ရာ အသုံးစရိတ်များအတွက် ဦးစားပေးသုံးစွဲသွားမယ်လို့ ဆိုပါတယ်။

အခွန်အကောက်ဥပဒေအသစ်မှာ ကုန်သွယ်လုပ်ငန်းခွန် တစ်နှစ်တာကင်းလွတ်ခွင့်ပြုပါတယ်။ ကင်းလွတ်ခွင့်ပြုရခြင်းက အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီရဲ့ အဆင်အခြင်မဲ့မှု၊ တာဝန်မဲ့မှုနဲ့ စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းမှုတွေ ကြောင့် အတိဒုက္ခရောက်နေရတဲ့ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြုပ်နှံသူများအတွက် အကူအညီ အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ တဆက်တည်းမှာ ပြည်သူလူထုရဲ့ နေ့စဉ်ဝယ်ယူစားသုံးမှုအပေါ် ကျသင့်နေပြီး ဝန်ပိနေတဲ့ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကိုလည်း ကင်းလွတ်ခွင့်ပြုထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်လက်ပြီး လခစားအခွန်ထမ်းပြည်သူတွေရဲ့ အခြေခံအခွန်ကင်းလွတ်ခွင့် ဝင်ငွေပမာဏကို တိုးမြှင့် သတ်မှတ်ထားပြီး တစ်နှစ်လစာဝင်ငွေ သိန်း ၁၂၀ ရရှိခြင်း အတွက် ဝင်ငွေခွန်ပေးဆောင်ရန် မလိုတော့ပါဘူး။

ပြည်တွင်း၊ ပြည်ပ ရှိ အခွန်ထမ်း ပြည်သူတွေအနေနဲ့ မိမိတို့ ပေးဆောင်မယ့် အခွန်ငွေကို ကိုယ်တိုင် ချင့်ချိန်တွက်ချက်ပြီး လုံခြုံစိတ်ချရတဲ့ Online Platform က တဆင့် ပေးဆောင်ရမှာဖြစ်ပြီး အခွန်ငွေပေးဆောင်တဲ့အခါ အခွန်ထမ်းသူ တစ်ဦးတည်းကသာ သိရှိနိုင်တဲ့ Unique Identification Number (UID) နဲ့တကွ မှတ်တမ်းတင်ဂုဏ်ပြုလွှာကို ပေးပို့သွားမှာဖြစ်ပါတယ်။

တော်လှန်ရေးအောင်မြင်ပြီးနောက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်တဲ့ ကာလမှာ အခွန်ထမ်းဆောင်ထားတဲ့ ပြည်သူတွေအနေနဲ့ မိမိတို့လက်ဝယ်ရှိ UID ကို ကိုးကားကာ အခွန်အထူးကင်းလွတ်ခွင့်တွေကို ရယူနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

NUG အစိုးရအနေနဲ့ အခွန်ထမ်းပြည်သူတွေရဲ့ တော်လှန်ရေး ကာလ တာဝန်သိ မှုနဲ့ နိုင်ငံသားပီသမှုကို အသိအမှတ်ပြုကာ အခွန်ထမ်း ပြည်သူတွေရဲ့ အကျိုးစီးပွားကို အထူးတန်ဖိုးထား ဦးစားပေးသွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။