Connect with us

Hi, what are you looking for?

LuduNwayOo

News

အခွန်ထမ်းဆောင်လိုတဲ့ ပြည်သူတွေ ird.nug-mm.net ကတဆင့် အခွန်ပေးဆောင်နိုင်ပြီ NUG ကြေညာ

ပြည်ထောင်စု လွှတ်တော် ကိုယ်စား ပြုကော်မတီ (CRPH) ဟာ ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်မှာ အတည်ပြု ပြဌာန်းခဲ့ပြီး ထူးခြား တဲ့ပြဌာန်းချက်အချို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အခွန်ထမ်းဆောင်လိုတဲ့ ပြည်သူတွေအနေနဲ့ ird.nug-mm.net ကတဆင့် အခွန်ပေးဆောင်နိုင်ပြီလို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

ပြည်ထောင်စု လွှတ်တော် ကိုယ်စား ပြုကော်မတီ (CRPH) ဟာ ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်မှာ အတည်ပြု ပြဌာန်းခဲ့ပြီး ထူးခြား တဲ့ပြဌာန်းချက်အချို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှာ ရရှိလာမယ့် အခွန်ဘဏ္ဍာငွေတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအထောက်အပံ့ ပေးရေး နဲ့ ကျန်းမာရေး၊ ပညာရေး ဆိုင်ရာ အသုံးစရိတ်များအတွက် ဦးစားပေးသုံးစွဲသွားမယ်လို့ ဆိုပါတယ်။

အခွန်အကောက်ဥပဒေအသစ်မှာ ကုန်သွယ်လုပ်ငန်းခွန် တစ်နှစ်တာကင်းလွတ်ခွင့်ပြုပါတယ်။ ကင်းလွတ်ခွင့်ပြုရခြင်းက အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီရဲ့ အဆင်အခြင်မဲ့မှု၊ တာဝန်မဲ့မှုနဲ့ စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းမှုတွေ ကြောင့် အတိဒုက္ခရောက်နေရတဲ့ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြုပ်နှံသူများအတွက် အကူအညီ အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ တဆက်တည်းမှာ ပြည်သူလူထုရဲ့ နေ့စဉ်ဝယ်ယူစားသုံးမှုအပေါ် ကျသင့်နေပြီး ဝန်ပိနေတဲ့ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကိုလည်း ကင်းလွတ်ခွင့်ပြုထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်လက်ပြီး လခစားအခွန်ထမ်းပြည်သူတွေရဲ့ အခြေခံအခွန်ကင်းလွတ်ခွင့် ဝင်ငွေပမာဏကို တိုးမြှင့် သတ်မှတ်ထားပြီး တစ်နှစ်လစာဝင်ငွေ သိန်း ၁၂၀ ရရှိခြင်း အတွက် ဝင်ငွေခွန်ပေးဆောင်ရန် မလိုတော့ပါဘူး။

ပြည်တွင်း၊ ပြည်ပ ရှိ အခွန်ထမ်း ပြည်သူတွေအနေနဲ့ မိမိတို့ ပေးဆောင်မယ့် အခွန်ငွေကို ကိုယ်တိုင် ချင့်ချိန်တွက်ချက်ပြီး လုံခြုံစိတ်ချရတဲ့ Online Platform က တဆင့် ပေးဆောင်ရမှာဖြစ်ပြီး အခွန်ငွေပေးဆောင်တဲ့အခါ အခွန်ထမ်းသူ တစ်ဦးတည်းကသာ သိရှိနိုင်တဲ့ Unique Identification Number (UID) နဲ့တကွ မှတ်တမ်းတင်ဂုဏ်ပြုလွှာကို ပေးပို့သွားမှာဖြစ်ပါတယ်။

တော်လှန်ရေးအောင်မြင်ပြီးနောက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်တဲ့ ကာလမှာ အခွန်ထမ်းဆောင်ထားတဲ့ ပြည်သူတွေအနေနဲ့ မိမိတို့လက်ဝယ်ရှိ UID ကို ကိုးကားကာ အခွန်အထူးကင်းလွတ်ခွင့်တွေကို ရယူနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

NUG အစိုးရအနေနဲ့ အခွန်ထမ်းပြည်သူတွေရဲ့ တော်လှန်ရေး ကာလ တာဝန်သိ မှုနဲ့ နိုင်ငံသားပီသမှုကို အသိအမှတ်ပြုကာ အခွန်ထမ်း ပြည်သူတွေရဲ့ အကျိုးစီးပွားကို အထူးတန်ဖိုးထား ဦးစားပေးသွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။