Connect with us

Hi, what are you looking for?

News

ဘားအံအ​ခြေစိုက် အမှတ် ၂၂ ​ခြေလျင်တပ်မဌာနချုပ်​ရှေ့ ဗုံး​ပေါက်

“ဂိတ်ပေါက်နားမှာ ပေါက်တာ။ အိမ်တွေပါတုန်တယ်။ တစ်မြို့လုံး မြို့ပြင်တွေအထိ ကြားရတယ်” လို့ ဘားအံမြို့ခံတစ်ဦးက ပြောပါတယ်။

ဘားအံမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၂၂ ခြေလျင်တပ်မဌာနချုပ်ရှေ့မှာ ဒီကနေ့ညပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒီကနေ့ည ၆ နာရီခွဲကျော်အချိန်က ဘားအံမြို့ တပ်မ ၂၂ ဌာနချုပ်ရှေ့ ဂိတ်ပေါက်နားမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး ထိခိုက်မှုတွေကိုတော့ မသိရသေးဘူးလို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

“ဂိတ်ပေါက်နားမှာ ပေါက်တာ။ အိမ်တွေပါတုန်တယ်။ တစ်မြို့လုံး မြို့ပြင်တွေအထိ ကြားရတယ်” လို့ ဘားအံမြို့ခံတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် တပ်မ ၂၂ ဌာနချုပ်ရှေ့မှာ စစ်ကောင်စီတပ်တွေက ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

သတင်း

ကရင်ပြည်နယ်မှာထိုင်းဘက်ကကုန်စည်သယ်လာတဲ့ကုန်ကားတွေကို အာဏာသိမ်းစစ်တပ်ကအဖမ်းအဆီးတင်းကျပ်နေပြီးလက်ရှိသြဂုတ်လ တတိယပတ်အတွင်းကားအစီးရေ ၈၀ ခန့်ကိုဖမ်းဆီးထားတယ်လို့ ကုန် သည်တွေနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဘားအံ(ဖားအံ)မြို့နယ် နို့ဘယ်ဘောကျေးရွာအုပ်စု မဲ့ဘောခီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူသေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

လိုင်စင်မဲ့ယာဉ်အများစု အသုံးပြုနေကြတဲ့ ကရင်ပြည်နယ်မြို့တော် ဘားအံမြို့မှာမတ်လ ၇ ရက်စတင်ပြီး စက်သုံးဆီဆိုင်တွေက လိုင်စင်မဲ့ယာဉ်တွေကို ဆီမရောင်းပေးတော့သလို ဆီလာဖြည့်နေတဲ့ လိုင်စင်မဲ့ယာဉ်တွေကိုပါ စစ်ကောင်စီအဖွဲ့က ဖမ်းဆီးနေတာကြောင့် ဒေသခံတွေအတွက် အခက်များစွာကြုံနေရတယ်လို့ မြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။

Trending

Facebook