Connect with us

Hi, what are you looking for?

News

မိုးမောက်မြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်းကို KIA မိုင်းခွဲတိုက်ခိုက်

“တိုက်ခိုက်တယ်ဆိုတာလောက်ပဲ သိပါတယ်။ အခြား မြေပြင်သတင်းတွေကတော့ ဘာမှ မတက်ဘူးခင်ဗျ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း စစ်ရေးလှုပ် ရှားလာသည့် စစ်ကောင်စီယာဉ်တန်းကို ယနေ့ တိုက်ခိုက်ခဲ့ကြောင်း ကချင်လက်နက်ကိုင်အဖွဲ့(KIA) သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည် ပြုသည်။

“တိုက်ခိုက်တယ်ဆိုတာလောက်ပဲ သိပါတယ်။ အခြား မြေပြင်သတင်းတွေကတော့ ဘာမှ မတက်ဘူးခင်ဗျ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာမရောက်မီ ဒါ့ဆိုင်းကျေးရွာအနီးတွင် ဗန်းမော်ဘက်မှ တက်လာသည့် စစ်ကား၁၆စီးပါ ယာဉ်တန်းကို KIAက ယနေ့ အောက်တိုဘာ ၅ရက် နံနက် ၉နာရီခွဲခန့်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု ဖော်ပြထားသည်။

ကချင်ဒေသခံတစ်ဦးကလည်း “ဒါဆိုင်းနဲ့ နောင်လတ် ကြားမှာဖြစ်တာ။ ယာဉ်တန်းကို တိုက်ခိုက်တာ။ ထိတာတော့ ကားတွေလည်းထိတယ် လူလည်းထိတာပဲ။ ဒါပေမဲ့ တိကျမှုမရနေဘူး”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ယခု တိုက်ခိုက်မှုဖြစ်ပွားရာဒေသည် ကချင်လက်နက် ကိုင်အဖွဲ့ KIA တပ်မဟာ(၅)နယ်မြေဖြစ်သည်ဟု ဆို သည်။

KIAနှင့် စစ်ကောင်စီတပ်တို့သည် ကချင်ပြည်နယ် တနိုင်းမြို့နယ် လီဒိုလမ်းတစ်လျှောက်တွင်လည်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ အာဏာသိမ်းစစ်တပ် ပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook