Connect with us

Hi, what are you looking for?

LuduNwayOo

News

မိုးမောက်မြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်းကို KIA မိုင်းခွဲတိုက်ခိုက်

“တိုက်ခိုက်တယ်ဆိုတာလောက်ပဲ သိပါတယ်။ အခြား မြေပြင်သတင်းတွေကတော့ ဘာမှ မတက်ဘူးခင်ဗျ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း စစ်ရေးလှုပ် ရှားလာသည့် စစ်ကောင်စီယာဉ်တန်းကို ယနေ့ တိုက်ခိုက်ခဲ့ကြောင်း ကချင်လက်နက်ကိုင်အဖွဲ့(KIA) သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည် ပြုသည်။

“တိုက်ခိုက်တယ်ဆိုတာလောက်ပဲ သိပါတယ်။ အခြား မြေပြင်သတင်းတွေကတော့ ဘာမှ မတက်ဘူးခင်ဗျ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာမရောက်မီ ဒါ့ဆိုင်းကျေးရွာအနီးတွင် ဗန်းမော်ဘက်မှ တက်လာသည့် စစ်ကား၁၆စီးပါ ယာဉ်တန်းကို KIAက ယနေ့ အောက်တိုဘာ ၅ရက် နံနက် ၉နာရီခွဲခန့်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု ဖော်ပြထားသည်။

ကချင်ဒေသခံတစ်ဦးကလည်း “ဒါဆိုင်းနဲ့ နောင်လတ် ကြားမှာဖြစ်တာ။ ယာဉ်တန်းကို တိုက်ခိုက်တာ။ ထိတာတော့ ကားတွေလည်းထိတယ် လူလည်းထိတာပဲ။ ဒါပေမဲ့ တိကျမှုမရနေဘူး”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ယခု တိုက်ခိုက်မှုဖြစ်ပွားရာဒေသည် ကချင်လက်နက် ကိုင်အဖွဲ့ KIA တပ်မဟာ(၅)နယ်မြေဖြစ်သည်ဟု ဆို သည်။

KIAနှင့် စစ်ကောင်စီတပ်တို့သည် ကချင်ပြည်နယ် တနိုင်းမြို့နယ် လီဒိုလမ်းတစ်လျှောက်တွင်လည်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။