Connect with us

Hi, what are you looking for?

News

ယာဉ်တန်းလုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်ဖွဲ့ကို KIA တိုက်ခိုက်

ယမန်နေ့ (အောက်တိုဘာ ၅ရက်) ညပိုင်းကလည်း ဒေသတွင်း စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီ ယာဉ်တန်းကို KIAမှတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်၏ ယာဉ်တစ်စီးပျက်စီးခဲ့သည်ဟု ဆိုသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၂)၊ တပ်ရင်း(၄၃) နယ်မြေ တနိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ ယာဉ်တန်းများ လုံခြုံရေးယူပေးနေသည့် တပ်ဖွဲ့ကို KIAက ယနေ့ တိုက်ခိုက်ခဲ့သည်။

တနိုင်းမြို့နယ် ကောင်ရာကျေးရွာအနီး၌ ယနေ့ အောက်တိုဘာ၆ရက် နံနက် ၆နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဒေသတွင်းသို့ ထိုးစစ်ဆင်ဝင်ရောက် လာသည့် စစ်ကောင်စီတပ် စစ်ယာဉ်တန်းများကို လုံခြုံရေးယူပေးနေတဲ့အဖွဲ့အား KIA က တိုက်ခိုက်ခဲ့ရာ နံနက် ၁၀နာရီအချိန်ထိ ပစ်ခတ်မှုများရှိခဲ့ကြောင်းKIA သတင်းနှင့်ပြန်ကြားရေးဌာန Kachinnet Burmese က ဖော်ပြထားသည်။

ယမန်နေ့ (အောက်တိုဘာ ၅ရက်) ညပိုင်းကလည်း ဒေသတွင်း စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီ ယာဉ်တန်းကို KIAမှတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်၏ ယာဉ်တစ်စီးပျက်စီးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာမှစ၍ တနိုင်း-လီဒိုလမ်တစ်လျှောက် အင်အားတိုးချဲ့ပြီး ထိုးစစ်ဆင်ခြင်း၊ စစ်အသုံးအဆောင်ပစ္စည်းများ သယ်ပို့ခြင်းများ ခပ်စိပ်စိပ်ပြုလုပ်ကာ ပြည်သူလူထုနေထိုင်သည့် ကျေးရွာအတွင်းလက်နက်ကြီး လက်နက်ငယ်များပစ်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။ ထို့ပြင် ခရီးသွားပြည်သူများအား အသေးစိတ်ရှာဖွေ စစ်ဆေးခြင်းများ ပြုလျှက်ရှိနေသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။