Connect with us

Hi, what are you looking for?

LuduNwayOo

News

မုံရွာအနီးဗဟိုပြုတဲ့ ၅ဒဿမ၅အဆင့်ရှိ ငလျင်လှုပ်ခတ်၊ ပုဂံနဲ့ ရခိုင်​ဒေသပါ သိသာစွာခံစားရ

ငလျင်ဟာ ယနေ့(အောက်တိုဘာ ၈ရက်)နံနက် ၁နာရီခန့်မှာ မုံရွာမြို့အနီးကိုဗဟိုပြုလှုပ်ခဲ့တာလို့ အမေရိကန်ဘူမိလေ့လာတိုင်းတာရေးဌာန-USGSက ထုတ်ပြန်ပါတယ်။

People's Spring
People's Spring

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ ယနေ့နံနက်အစောပိုင်းက ရစ်ချ်တာစကေး ၅ဒဿမ၅ အဆင့်ငလျင်လှုပ်သွားပြီး ပုဂံနဲရခိုင်အပြင် အလယ်ပိုင်းဒေသမြို့နယ်အများစုမှာ ငလျင်လှုပ်ရှားသွားခဲ့ပါတယ်။

ငလျင်ဟာ ယနေ့(အောက်တိုဘာ ၈ရက်)နံနက် ၁နာရီခန့်မှာ မုံရွာမြို့အနီးကိုဗဟိုပြုလှုပ်ခဲ့တာလို့ အမေရိကန်ဘူမိလေ့လာတိုင်းတာရေးဌာန-USGSက ထုတ်ပြန်ပါတယ်။

ငလျင်ကို မုံရွာ၊ ကနီ၊မင်းကင်း၊ ရေဦး၊ ရေစကြို၊ဂန့်ဂေါမြို့တွေအပြင် ပုဂံနဲ့ ရခိုင်ဒေသမှာလည်း သိသိသာသာခံစားလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ပျက်စီးထိခိုက်မှုရှိ၊မရှိကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီဒေါက်တိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ အဆိုပါငလျင်ဟာ ကနီမြို့အနီးမှာ ရစ်ချ်တာစကေး ၅ဒဿမ၆ အဆင့်နဲ့ လှုပ်သွားတာလို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ငလျင်အန္တရာယ်နဲ့ ပတ်သက်ရင် ထိုင်ဝမ်မှာ စနစ်ကျပြီး ထိရောက်တဲ့ ကြိုတင်ပြင်ဆင် လေ့ကျင့်မှုတွေ ရှိခဲ့ပြီး ဖြစ်တဲ့အတွက် သွေးရူးသွေးတမ်း ရှုပ်ရှုပ်ထွေးထွေး ဖြစ်မလာအောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

သတင်း

AA အနေဖြင့် ယခင်ရပ်တည်ချက်အတိုင်းဖြစ်ပြီး ပြည်သူများကို အကာအကွယ်ပေးကာ အပြစ်ရှိသူများကို အရေးယူမည်ဟု ပြောသည်။

သတင်း

ရက္ခိုင့်တပ်တော်က ရက္ခိုင်ဒေသတစ်ခုလုံးကို အပြီးသတ်ပြီးသိမ်းပိုက်ထိန်းချုပ်နိုင်ရန် လက်နက်ချအညံ့မခံသေးသော စစ်ကောင်စီ၏ စစ်စခန်းများအား တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်​နေ​ကြောင်းAA က ​ကြေညာထားသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။