Connect with us

Hi, what are you looking for?

News

မုံရွာအနီးဗဟိုပြုတဲ့ ၅ဒဿမ၅အဆင့်ရှိ ငလျင်လှုပ်ခတ်၊ ပုဂံနဲ့ ရခိုင်​ဒေသပါ သိသာစွာခံစားရ

ငလျင်ဟာ ယနေ့(အောက်တိုဘာ ၈ရက်)နံနက် ၁နာရီခန့်မှာ မုံရွာမြို့အနီးကိုဗဟိုပြုလှုပ်ခဲ့တာလို့ အမေရိကန်ဘူမိလေ့လာတိုင်းတာရေးဌာန-USGSက ထုတ်ပြန်ပါတယ်။

People's Spring
People's Spring

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ ယနေ့နံနက်အစောပိုင်းက ရစ်ချ်တာစကေး ၅ဒဿမ၅ အဆင့်ငလျင်လှုပ်သွားပြီး ပုဂံနဲရခိုင်အပြင် အလယ်ပိုင်းဒေသမြို့နယ်အများစုမှာ ငလျင်လှုပ်ရှားသွားခဲ့ပါတယ်။

ငလျင်ဟာ ယနေ့(အောက်တိုဘာ ၈ရက်)နံနက် ၁နာရီခန့်မှာ မုံရွာမြို့အနီးကိုဗဟိုပြုလှုပ်ခဲ့တာလို့ အမေရိကန်ဘူမိလေ့လာတိုင်းတာရေးဌာန-USGSက ထုတ်ပြန်ပါတယ်။

ငလျင်ကို မုံရွာ၊ ကနီ၊မင်းကင်း၊ ရေဦး၊ ရေစကြို၊ဂန့်ဂေါမြို့တွေအပြင် ပုဂံနဲ့ ရခိုင်ဒေသမှာလည်း သိသိသာသာခံစားလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ပျက်စီးထိခိုက်မှုရှိ၊မရှိကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီဒေါက်တိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ အဆိုပါငလျင်ဟာ ကနီမြို့အနီးမှာ ရစ်ချ်တာစကေး ၅ဒဿမ၆ အဆင့်နဲ့ လှုပ်သွားတာလို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။