Connect with us

Hi, what are you looking for?

News

ကျောက်ပန်းတောင်းရှိ စည်ပင်ရုံး ဗုံးဖြင့်တိုက်ခိုက်ခံရ

ကျောက်ပန်းတောင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုများကို စစ်ကောင်စီတပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့၍ ကျဆုံး၊ ဒဏ်ရာရသည့် ပြည်သူများရှိခဲ့ပြီး ဖမ်းဆီးခံထားရသူများလည်းရှိခဲ့သည်။

ကျောက်ပန်းတောင်းမြို့ နယ်စည်ပင်သာယာရုံးကို ယနေ့ညပိုင်း၌ ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်ပန်းတောင် PDF ကထုတ်ပြန်သည်။

“ စည်ပင်မှာက ဗုံးလေးလုံး ပေါက်သံကြားပြီးတော့ ပစ်ခတ်သံတွေကြားတယ်ပြောတယ်” ဟု မြို့ခံတစ်ဦးကလည်းပြောသည်။ဗုံးပေါက်ကွဲမှုကြောင့်ထိခိုက်မှု ရှိနိုင်ကြောင်းလည်း အဆိုပါ မြို့ခံကပြောသည်။

“အများပြည်သူကို စကစနှင့်အတူ ဒုက္ခပေးနေသည့်စည်ပင်ရုံးကို ယနေ ညနေပိုင်းအချိန်တွင်ကျွန်တော်တို့ KDF မှ ဗုံးလေးလုံးခွဲ ခဲ့ပါသည်။ထိခိုက်မှုစာရင်း အတိအကျ မသိရှိသေးရသေးပါ။ မိဘပြည်သူများအနေဖြင့်လည်း နောက်နောင် စကစနှင့်ဆက်နွယ်သည့် နေရာများကို ရှောင်ရှားကြပါရန် အသိပေးအပ်ပါသည်” ဟု ကျောက်ပန်းတောင်း PDF ကလည်း သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကျောက်ပန်းတောင်းမြို့နယ် အောင်ချမ်းသာ နှင့် ကျောက်ဆည်ကန်ရွာအကြားရှိ စစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့ဆွေမျိုးများ အဓိကပိုင်ဆိုင်သော Mytel တာဝါတိုင်ကို ဖျက်ဆီးခံခဲ့ရသည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

ကျောက်ပန်းတောင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုများကို စစ်ကောင်စီတပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့၍ ကျဆုံး၊ ဒဏ်ရာရသည့် ပြည်သူများရှိခဲ့ပြီး ဖမ်းဆီးခံထားရသူများလည်းရှိခဲ့သည်။

စစ်ကောင်စီကိုခုခံမှုကို ယခင်က မကြားရဘဲ ယခုရက်ပိုင်းတွင် စတင်လာခြင်းဖြစ်ကြောင်း ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။