Connect with us

Hi, what are you looking for?

LuduNwayOo

News

အကြမ်းဖက်စစ်ကောင်စီက လူသားဒိုင်းအဖြစ်အသုံးပြုနေ၍ မလိုအပ်ဘဲခရီးမသွားရန် ချင်းအမျိုးသားအဖွဲ့ချုပ်သတိပေး

ယနေ့(အောက်တိုဘာ ၁၃ရက်)ရက်စွဲဖြင့် ထုတ်ပြန်သည့် အရေးပေါ် သတိပေးချက်တွင် လတ်တလောတွင် စစ်ကောင်စီ တပ်မှ တင့်ကား၊ စစ်ကားများနှင့်အင်အား အများအပြားတိုးချဲ့၍ ဖလမ်းမြို့သို့ ရောက်ရှိနေသည်ဟု ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် တွေ့ရာခရီးသွားပြည်သူများအား ဖမ်းဆီးကာ ပြည်သူများနှင့် ခရီးသွားကားများအား လူသားဒိုင်းအဖြစ် အသုံးပြုနေမှုများတွေ့ရှိနေရ၍ မလိုအပ်ဘဲ ခရီးမသွားကြရန် ချင်းအမျိုးသားအဖွဲ့ချုပ်က သတိပေးချက် ထုတ်ပြန်သည်။

ယနေ့(အောက်တိုဘာ ၁၃ရက်)ရက်စွဲဖြင့် ထုတ်ပြန်သည့် အရေးပေါ် သတိပေးချက်တွင် လတ်တလောတွင် စစ်ကောင်စီ တပ်မှ တင့်ကား၊ စစ်ကားများနှင့်အင်အား အများအပြားတိုးချဲ့၍ ဖလမ်းမြို့သို့ ရောက်ရှိနေသည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီက လူသားဒိုင်းအဖြစ် အသုံးပြုမှုများတွေ့ရှိနေရသောကြောင့် စစ်ကောင်စီတပ်များ ဆက်လက်ချီတက်ဖွယ်ရှိသည့် ဖလမ်း-ရိဒ်၊ ဖလမ်း-ဟားခါး လမ်းကြောင်းတလျှောက်တွင် ပြည်သူများ အနေဖြင့် သေရေး၊ ရှင်ရေး ကိစ္စမှ အပ ခရီးသွားလာခြင်း လုံး၀ မပြုကြရန် အထူးသတိပေးသည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ချင်းပြည်နယ်သို့ ထိုးစစ်ဆင်ရန် ချင်းပြည်နယ်မြောက်ပိုင်းသို့ သံချပ်ကာယာဉ်အပါအဝင် စစ်ကား ၅၀ကျော် ဝင်ရောက်လာနေသည်ဟု ဒေသခံအချို့က ပြောသည်။ ထို့ပြင် ချင်းပြည်နယ် တောင်ပိုင်းဒေသများသို့လည်း စစ်ကောင်စီတပ်က တပ်အင်အားများ ဖြည့်တင်းလျက်ရှိသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ချင်းအမျိုးသားတပ်ဦး (CNF)နှင့် အာဏာသိမ်းပြီးနောက် မြို့နယ်အသီးသီး၌ ပေါ်ပေါက်လာသည့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF) တို့သည် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိရာ ယခင်တိုက်ပွဲများ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများပြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

MNDAAအနေဖြင့် နိုဝင်ဘာ ၂၂ ရက်မှ၂၃ ရက်အထိ လောက်ကိုင်ဒေသရှိ စစ်ဘေးရှောင်ဒုက္ခသည် ဦးရေ ၃၀၀၀ ကျော်ကို ချင်းရွှေဟော်ဒေသမှတစ်ဆင့် လုံခြုံဘေးကင်းသည့်နေရာသို့ပြောင်းရွှေ့ပေးခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီများသည် ခရီးသွားပြည်သူများအား လူသားဒိုင်းအဖြစ် အသုံးချနိုင်သောကြောင့် ပြည်သူများ အနေဖြင့် ဖလမ်း - ကလေးလမ်းမကြီးအား လုံး၀အသုံးမပြုကြရန် အထူးသတိပေးကြောင်း ယနေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

ယခုလ ဒုတိယပတ်ကစ၍ စစ်ကောင်စီကလွိုင်ကော် -မိုးဗြဲ နှင့် လွိုင်ကော်ဆီဆိုင်လမ်းပိုင်းတွင် နည်းလမ်းပေါင်းစုံဖြင့် စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာခြင်းဟု အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် PDFရဲဘော်များအပြင် ပြည်သူများကိုလည်း စစ်ကြောင်းများတွင်လူသားဒိုင်းအဖြစ် အသုံးပြုပြီးနောက် သတ်ဖြတ်ကာ စွန့်ပစ်ထားခြင်းများ ပြုလုပ်နေသည်။