Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ကောင်စီက လူသားဒိုင်းအဖြစ်အသုံးပြုနေ၍ မလိုအပ်ဘဲခရီးမသွားရန် ချင်းအမျိုးသားအဖွဲ့ချုပ်သတိပေး

ယနေ့(အောက်တိုဘာ ၁၃ရက်)ရက်စွဲဖြင့် ထုတ်ပြန်သည့် အရေးပေါ် သတိပေးချက်တွင် လတ်တလောတွင် စစ်ကောင်စီ တပ်မှ တင့်ကား၊ စစ်ကားများနှင့်အင်အား အများအပြားတိုးချဲ့၍ ဖလမ်းမြို့သို့ ရောက်ရှိနေသည်ဟု ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် တွေ့ရာခရီးသွားပြည်သူများအား ဖမ်းဆီးကာ ပြည်သူများနှင့် ခရီးသွားကားများအား လူသားဒိုင်းအဖြစ် အသုံးပြုနေမှုများတွေ့ရှိနေရ၍ မလိုအပ်ဘဲ ခရီးမသွားကြရန် ချင်းအမျိုးသားအဖွဲ့ချုပ်က သတိပေးချက် ထုတ်ပြန်သည်။

ယနေ့(အောက်တိုဘာ ၁၃ရက်)ရက်စွဲဖြင့် ထုတ်ပြန်သည့် အရေးပေါ် သတိပေးချက်တွင် လတ်တလောတွင် စစ်ကောင်စီ တပ်မှ တင့်ကား၊ စစ်ကားများနှင့်အင်အား အများအပြားတိုးချဲ့၍ ဖလမ်းမြို့သို့ ရောက်ရှိနေသည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီက လူသားဒိုင်းအဖြစ် အသုံးပြုမှုများတွေ့ရှိနေရသောကြောင့် စစ်ကောင်စီတပ်များ ဆက်လက်ချီတက်ဖွယ်ရှိသည့် ဖလမ်း-ရိဒ်၊ ဖလမ်း-ဟားခါး လမ်းကြောင်းတလျှောက်တွင် ပြည်သူများ အနေဖြင့် သေရေး၊ ရှင်ရေး ကိစ္စမှ အပ ခရီးသွားလာခြင်း လုံး၀ မပြုကြရန် အထူးသတိပေးသည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ချင်းပြည်နယ်သို့ ထိုးစစ်ဆင်ရန် ချင်းပြည်နယ်မြောက်ပိုင်းသို့ သံချပ်ကာယာဉ်အပါအဝင် စစ်ကား ၅၀ကျော် ဝင်ရောက်လာနေသည်ဟု ဒေသခံအချို့က ပြောသည်။ ထို့ပြင် ချင်းပြည်နယ် တောင်ပိုင်းဒေသများသို့လည်း စစ်ကောင်စီတပ်က တပ်အင်အားများ ဖြည့်တင်းလျက်ရှိသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ချင်းအမျိုးသားတပ်ဦး (CNF)နှင့် အာဏာသိမ်းပြီးနောက် မြို့နယ်အသီးသီး၌ ပေါ်ပေါက်လာသည့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF) တို့သည် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိရာ ယခင်တိုက်ပွဲများ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများပြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်မှာ စစ်တပ်က အရပ်သားပြည်သူတွေကို လူသားဒိုင်းလုပ်ပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ကသာမြို့မှာ စစ်တပ်ရဲ့အဓိကစခန်းတစ်ခုကို တော်လှန်ရေးတပ်တွေကသိမ်းယူထားပြီး စစ်ကောင်စီက မြို့ခံတွေကို ထွက်ခွင့်မပေးဘဲ လူသားဒိုင်းလုပ်ထားတယ်လို့ သတင်းရရှိပါတယ်။

ဆောင်းပါး

လူသားဒိုင်းဆိုတဲ့ စကားလုံးဟာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့် ကြားလာရတဲ့ စကားလုံးတစ်ခုပါ။ အထူးသဖြင့် အညာအပါအဝင် တော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာ မကြာခဏ ကြားနေကြရတာပါ။

သတင်း

စစ်ကောင်စီက တစ်နှစ်အတွင်း စစ်မှုထမ်းတပ်သားသစ်သောင်းချီ စုဆောင်းဖြည့်တင်းကာ စစ်မြေပြင်များ၌ လူသားဒိုင်းအဖြစ် အသုံးချသည့် ဗျူဟာကိုကျင့်သုံးနေကြောင်း CDM တပ်သား ကိုနောင်ရိုးက ဖွင့်ဟသည်။