Connect with us

Hi, what are you looking for?

သတင်း

အရာတော်မှာ စစ်တပ်က အရပ်သားပြည်သူတွေလူသားဒိုင်းလုပ်ပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေ

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်မှာ စစ်တပ်က အရပ်သားပြည်သူတွေကို လူသားဒိုင်းလုပ်ပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

(အရာတော်မြို့အဝင်စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်အား ၂၀၂၂အတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

မေ -၁၉၊၂၀၂၆။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်မှာ စစ်တပ်က အရပ်သားပြည်သူတွေကို လူသားဒိုင်းလုပ်ပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

စစ်တပ်ရဲ့ အမှတ်(၁၀)စစ်အခြေခံလေ့ကျင့်ရေးတပ်(စခတ-၁၀ )က ​စစ်ကြောင်းထိုးဖို့အတွက် အရာတော်မြို့အရှေ့ခြမ်း အရာတော်-မြေနက်လမ်းပိုင်းက လမ်းသွားလမ်းလာတွေနဲ့ အနီးပတ်ဝန်းကျင်က ပြည်သူတွေကို ဖမ်းဆီးနေတာလို့ ဆိုပါတယ်။

“ဓားစားခံအတိအကျတော့ မသိရသေးဘူး။ ပြည်သူတွေတော့ ရှေ့ကနေ တိုးခိုင်းတာမှန်ပါတယ်။စစ်တပ်အင်အားကတော့ ၅၀ကျော်ပါတယ်”လို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်စစ်ကြောင်းထိုးလာတဲ့ အရာဝောာ် – မြေနက်လမ်းပိုင်းဟာ လုံးဝအသုံးပြုလို့မရသေးဘူးလို့ အရာတော် ပကဖ က ဒီကနေ့ မေလ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။

“ပြည်သူတွေကို လမ်းရှင်းတယ်ဆိုပြီး အတင်းတိုးခိုင်းနေပါတယ်။ မိုင်းရှိသလား မရှိသလားသိရအောင် ပြည်သူ့အသက်တွေကို ထိုးကျွေးနေတာပါ။အသုံးပြုလို့ရမယ့်အချိန်ကျရင် ကျွန်တော်တို့ အချိန်နဲ့ တပြေးညီ ကြေညာပေးပါ့မယ်”လို့ အရာတော် ပကဖက ပြောပါတယ်။

ဒေသတွင်း စစ်ရေးအရအရေးပါတဲ့ မြေနက်လမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ချင်တာဖြစ်ပြီး မြေနက်ရွာ ကတဆင့် စစ်တပ်အမာခံ ပျူစောထီးကျေးရွာတွေကို အချိန်တိုအတွင်းသွားရောက် နိုင်တယ်လို့ အရာတော်မြို့နယ်ဒေသခံတစ်ဦးက အသိပေးပါတယ်။

“လော​လောဆယ်သူတို့ တပ်နယ် ဝန်းကျင်မှာ ရှိအုံးမယ်ဗျ။ ရှေ့ဆက်တိုးဖို့တော့ ဘာကြံဦးမလဲ မသိသေးဘူး”လို့ စစ်တပ်စစ်ကြောင်းနဲ့ပတ်သက်ပြီး သူက ပြောပါတယ်။

အခုနှစ် ဧပြီလကစပြီး အရာတော်မြို့နယ်၊အရှေ့တောင်ခြမ်းက စစ်တပ်တပ်စွဲထားတဲ့ နေရာတွေကိုတော်လှန်ရေးအဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်နေပါတယ်။

အရာတော်မြို့တောင်ဘက်နဲ့ အရှေ့တောင်ဘက်ခြမ်းက ကျောက်ပျောက်၊ငွေတွင်း၊စပါးတွင်းနဲ့ သလဲဘာ ကျေးရွာတွေကို စစ်တပ်က ပြည်သူ့စစ်အဖြစ် ဖွဲ့စည်းထားတာဖြစ်ပါတယ်။

အရာတော်မြို့နယ်မှာ အမှတ် (၃၆၉) အမြောက်တပ်၊ အမှတ်(၁၀)စစ်အခြေခံလေ့ကျင့်ရေးတပ်နဲ့ အမှတ် (၅၀၀၄)တင့်ကားတပ်ရင်းတွေ ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ခမရ(၅၅၇)တပ်သား ၂ဦး လက်နက် ၃လက်ယူလာပြီး အလင်းဝင်လာ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က နေ့ညမပြတ် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာအပါအဝင် ပုံစံမျိုးစုံနဲ့ စစ်ရေးအရ ဖိအားပေးလာနိုင်လို့ ဒေသခံ ပြည်သူတွေ လေကြောင်းရန် အထူးသတိထားဖို့ လိုအပ်ကြောင်း ရှမ်းမြောက်ဒေသစစ်ရေးလေ့လာသူ တဦးက တိုက်တွန်းပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။