Connect with us

Hi, what are you looking for?

News

ချင်းနဲ့ စစ်ကိုင်းမှာ စစ်တပ်ရဲ့အင်အားတိုးချဲ့မှုကို ဗြိတိန်အနီးကပ်စောင့်ကြည့်၊ စစ်တပ်ရဲ့ကျူးလွန်မှုတွေကို မှတ်တမ်းတင်ထားမယ်

ကြီးမားတဲ့ ထိုးစစ်ဆင်မှုဟာ လူမှုအသိုက်အဝန်းနဲ့ ၎င်းတို့ရဲ့ သက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ၊ ပိုင်ဆိုင်မှုနဲ့ ဝတ်ပြုရာနေရာတွေကို ထိခိုက်စေတာကြောင့် ဗြိတိန်က စိုးရိမ်မကင်းဖြစ်မိ ကြောင်း နဲ့ တိုက်ပွဲသတင်းတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ မြန်မာစစ်တပ်က စစ်အင်အားဆက်လက်တိုးမြှင့်နေတာကို ဗြိတိန်အစိုးရက အနီးကပ်စောင့်ကြည့်နေပြီး စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို မှတ်တမ်းတင်ထားမယ်လို့ ဒီနေ့(​အောက်တိုဘာ ၁၅)သတင်း ထုတ်ပြန်ပါတယ်။

ကြီးမားတဲ့ ထိုးစစ်ဆင်မှုဟာ လူမှုအသိုက်အဝန်းနဲ့ ၎င်းတို့ရဲ့ သက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ၊ ပိုင်ဆိုင်မှုနဲ့ ဝတ်ပြုရာနေရာတွေကို ထိခိုက်စေတာကြောင့် ဗြိတိန်က စိုးရိမ်မကင်းဖြစ်မိ ကြောင်း နဲ့ တိုက်ပွဲသတင်းတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ကြိမ်ဖန်များစွာ ကြီးမားသောတိုက်ခိုက်နေမှုတွေဟာ စစ်တပ်က မြန်မာပြည်သူလူထုအပေါ် အလေးထားမှုမရှိတာကို ပြသနေခြင်းဖြစ်ပြီး စစ်တပ်အနေနဲ့ အကြမ်းဖက်မှုကိုချက်ချင်းရပ်တန့်ကာ နိုင်ငံတကာဥပဒေကိုလေးစားလိုက်နာရမှာဖြစ်တယ်လို့ ဗြိတိန်က တိုက်တွန်းပါတယ်။

စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို မှတ်တမ်းတင်ထားနိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား(IIMM)နဲ့အတူ ဗြိတိန်က အနီးကပ် ဆက်လက်လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

​စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုများပြားနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းအင်အား လိုအပ်ချက်ကြောင့် အရင်က နယ်မြေအခြေအနေအရ ပိတ်ထားခဲ့ရတဲ့ စစ်သင်တန်းကျောင်းအချို့ကိုပါ ပြန်လည်ဖွင့်လှစ်ပြီးထပ်တိုးလက်ခံလေ့ကျင့်ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(Myanmar Defense & Security Institute-MDSI)က သတင်းထုတ်ပြန်ပါတယ်။