Connect with us

Hi, what are you looking for?

News

အာဏာသိမ်း​ခေါင်း​ဆောင်နှင့် မိသားစုပိုင်စီးပွား​ရေးလုပ်ငန်း ၁၅ ခုကို အကြမ်းဖက်လုပ်ငန်းအဖြစ် NUG ​ကြေညာ

ထိုလုပ်ငန်းများနှင့် ဆက်စပ်နေသော ပိုင်ရှင်အမည်ခံများ၊ ဒါရိုက်တာများ၊ အစုရှယ်ယာရှင်များ၊ ဝန်ထမ်းနှင့် စီးပွားရေးစက်တူလုပ်နေသူများကို အရေးယူသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ခင်မမမျိုးကထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ၎င်းမိသားစုပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်း ၁၅ခု ကို အကြမ်းဖက်လုပ်ငန်းအဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အောက်တိုဘာ ၁၈ ရက်တွင် ထုတ်ပြန်ကြေငြာလိုက်သည်။

ထိုလုပ်ငန်းများနှင့် ဆက်စပ်နေသော ပိုင်ရှင်အမည်ခံများ၊ ဒါရိုက်တာများ၊ အစုရှယ်ယာရှင်များ၊ ဝန်ထမ်းနှင့် စီးပွားရေးစက်တူလုပ်နေသူများကို အရေးယူသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ခင်မမမျိုးကထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်​ခေါင်​ဆောင်မင်းအောင်လှိုင်သည် နိုင်ငံတော်ပုန်ကန်မှုနှင့် စစ်ရာဇဝတ်မူကျူးလွန်သူဖြစ်ပြီး မလျော်ဩဇာဖြင့် စစ်တပ်လုပ်ကိုင်ခွင့်နှင့် အင်အားကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းများကို မိသားစုပိုင်အကျိုးစီးပွားအတွက်ဆောင်ရွက်နေသည်ဟု အဆိုပါထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။ထိုလုပ်ဆောင်ချက်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စီးပွားရေးဆိုင်ရာထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးက စီစစ်တွေ့ရှိခဲ့ရသည်ဟုဆိုသည်။

မင်းအောင်လှိုင်နှင့် စစ်ကောင်စီအဖွဲ့ဝင်များသည် နိုင်ငံတော်ပုန်ကုန်မှုများကို ကျူးလွန်ခဲ့ကြသည့်အပြင် စစ်ရာဇဝတ်မူများကို ကျူးလွန်ခဲ့သည်ဟု NUGကဆိုသည်။ ၎င်းတို့ထဲတွင် မတရားမှုအား ဆန့်ကျင်ခဲ့ကြသည့် ပြည်သူ လူထုအား နည်းမျိုးစုံ ဖြင့်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးခြင်း၊ ခိုးယူခြင်း၊ ဓားပြတိုက်ခြင်း စသည့် တို့ ကျူးလွန် ခဲ့​ကြောင်းလည်းပါရှိသည်။

Public Service Announcement

Public Service Announcement

ထို လုပ်ငန်း ၁၅ ခုမှာ
(၁) A & M Mahar Foods and Medical Products ကုမ္ပဏီ
(၂) Sky One ဆောက်လုပ်ရေးကုမ္ပဏီ
(၃) The Yangon Restaurant နှင့် Yangon Gallery ပန်းချီပြခန်း
(၄) Everfit ကုမ္ပဏီ (ပြည်လမ်း City Mall ဈေးဝယ်စင်တာအပေါ်ထပ်ရှိ GymFitness ကာယ လေ့ကျင့်ခန်း)
(၅) Seventh Sense Company Limited ရုပ်ရှင်ထုတ်လုပ်ရေးနှင့် ဖျော်ဖြေရေးလုပ်ငန်း ကုမ္ပဏီ
(၆) စတယ်လာဆဲဗင်းကုမ္ပဏီလီမိတက် (Stellar Seven Entertainment Company Limited)
(၇) Azura Beach Resort ကမ်းခြေအပန်းဖြေစခန်း(ချောင်းသာ)
(၈) အောင်မြင့်မိုရ်မင်း အာမခံကုမ္ပဏီ
(၉) Mytel ဆက်သွယ်ရေးကုမ္ပဏီ
(၁၀) ဘုန်းမြတ်ပြည့်စုံ ကုမ္ပဏီလီမိတက် (Bone Myat Pyae Sone Trading Company Limited)
(၁၁) ကန်သာယာဆေးရုံ
(၁၂) JOOX MYANMAR Music platform
(၁၃) Pullman Hotel (မန္တလေး)
(၁၄) ငြိမ်းချမ်းပြည့်စုံ အဝေးပြေးကားဂိတ် (ရန်ကုန်-ရခိုင်)
(၁၅) မိုးကောင်းရတနာမိခင်နှင့်ကလေးအထူးကုဆေးရုံ တို့ဖြစ်သည်။

ယခု​​ကြေညာသောလုပ်ငန်းစာရင်းတွင် အကြမ်းဖက်​ခေါင်း​ဆောင်နှင့်မိသားစု အစုရှယ်ယာများစွာပါဝင်​သော Mytel​အော်ပ​ရေတာ ၊ မြန်မာစီးပွား​ရေးဦးပိုင် ကဲ့သို့ လုပ်ငန်းကြီးများပါဝင်ခြင်းမရှိ​သေးသည်ကို​ဆွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။