Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေး ကုလအတွင်းရေးမှူးချုပ်ရဲ့ ရပ်တည်တောင်းဆိုချက် မပြောင်းလဲ

ဒါ့အပြင် မကြာခင်သက်တမ်းကုန်ဆုံးတော့မယ့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ အသစ်ခန့်အပ်ရေးနဲ့ပတ်သက်လို့ ကြေညာဖို့ရှိတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ်Stephane Dujarricက ပြောပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်က ရပ်တည်ချက် မပြောင်းလဲဘဲ တောင်းဆိုတယ်လို့ ကုလသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ်က မနေ့(အောက်တိုဘာ၁၈)က ပြောပါတယ်။

ကုလသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ်ရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံ ၅၆၀၀ဦး ပြန်လွှတ်ပေးတဲ့အပေါ် ကုလသမဂ္ဂရဲ့ တုံ့ပြန်ချက်ကို မေးမြန်းရာမှာ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ ဖိနှိပ်မှုတွေအဆုံးသတ်ဖို့ဆိုတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ထပ်တလဲလဲတောင်းဆိုမှုတွေ အတိုင်းမပြောင်းလဲကြောင်း Stephane Dujarric က ပြောပါတယ်။

ဒါ့အပြင် မကြာခင်သက်တမ်းကုန်ဆုံးတော့မယ့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ အသစ်ခန့်အပ်ရေးနဲ့ပတ်သက်လို့ ကြေညာဖို့ရှိတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ်Stephane Dujarricက ပြောပါတယ်။

ဆွစ်ဇာလန်သံတမန် Christine Schraner Burgener ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ၂၀၁၈ ဧပြီမှာစတင်တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။