Connect with us

Hi, what are you looking for?

LuduNwayOo

News

သီတင်းကျွတ်လပြည်နေ့တွင် KIA နှင့်ထီးချိုင့်PDF ပူးပေါင်း၍ စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရာ ၃၀ ကျော်သေ

စစ်ကောင်စီတပ်သားများသည် လမ်းတစ်လျှောက်ရှိရွာများအား ရမ်းပစ်ပြီးထွက်ပြေးသွားခဲ့ကြောင်း၊ မိမိတို့တပ်ဖွဲ့ဝင်များအနေဖြင့် အနည်းငယ်ထိခိုက်ခဲ့သော်လည်း သေဆုံးသူမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ထီးချိုင့် – ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးသည်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် ဒေသခံ PDFအဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့ပူးပေါင်းပြီး အာဏာသိမ်းစစ်ကောင်စီတပ်အား သီတင်းကျွတ်လပြည့်နေ့တွင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (အောက်တိုဘာလ၂၀ရက် )နံနက် ၁၀နာရီ၁၅ အချိန်မှစ၍ အင်းတော်ဘက်မှတစ်ဆင့် ဆင်းလာသော စစ်ကောင်စီတပ်သား ၁၀၀ကျော်ကို KIA နှင့်ထီးချိုင့်-PDF တို့ပူးပေါင်းတပ်ဖွဲ့ တို့က ကွမ်းမူတော-ဂဟဲရွာကြား တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃၀ကျော် သေဆုံးခဲ့ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သားများသည် လမ်းတစ်လျှောက်ရှိရွာများအား ရမ်းပစ်ပြီးထွက်ပြေးသွားခဲ့ကြောင်း၊ မိမိတို့တပ်ဖွဲ့ဝင်များအနေဖြင့် အနည်းငယ်ထိခိုက်ခဲ့သော်လည်း သေဆုံးသူမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ထီးချိုင့် – ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးသည်။

စစ်ကောင်စီတို့၏ သဘောသဘာဝမှာ လက်နက်ရှိသူများအား ကြောက်ပြီး လက်နက်မဲ့ပြည်သူများကိုသာ နှိပ်စက်ခြင်းဖြစ်၍ အရေးတော်ပုံအောင်မြင်စေရန်မိမိတို့တပ်ဖွဲ့ဝင်များအား လှူဒါန်းနိုင်ပါကြောင်းလည်းထီးချိုင့် – ပြည်သူ့ကာကွယ်ရေး အသိပေး ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။