Connect with us

Hi, what are you looking for?

News

သီတင်းကျွတ်လပြည်နေ့တွင် KIA နှင့်ထီးချိုင့်PDF ပူးပေါင်း၍ စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရာ ၃၀ ကျော်သေ

စစ်ကောင်စီတပ်သားများသည် လမ်းတစ်လျှောက်ရှိရွာများအား ရမ်းပစ်ပြီးထွက်ပြေးသွားခဲ့ကြောင်း၊ မိမိတို့တပ်ဖွဲ့ဝင်များအနေဖြင့် အနည်းငယ်ထိခိုက်ခဲ့သော်လည်း သေဆုံးသူမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ထီးချိုင့် – ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးသည်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် ဒေသခံ PDFအဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့ပူးပေါင်းပြီး အာဏာသိမ်းစစ်ကောင်စီတပ်အား သီတင်းကျွတ်လပြည့်နေ့တွင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (အောက်တိုဘာလ၂၀ရက် )နံနက် ၁၀နာရီ၁၅ အချိန်မှစ၍ အင်းတော်ဘက်မှတစ်ဆင့် ဆင်းလာသော စစ်ကောင်စီတပ်သား ၁၀၀ကျော်ကို KIA နှင့်ထီးချိုင့်-PDF တို့ပူးပေါင်းတပ်ဖွဲ့ တို့က ကွမ်းမူတော-ဂဟဲရွာကြား တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃၀ကျော် သေဆုံးခဲ့ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သားများသည် လမ်းတစ်လျှောက်ရှိရွာများအား ရမ်းပစ်ပြီးထွက်ပြေးသွားခဲ့ကြောင်း၊ မိမိတို့တပ်ဖွဲ့ဝင်များအနေဖြင့် အနည်းငယ်ထိခိုက်ခဲ့သော်လည်း သေဆုံးသူမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ထီးချိုင့် – ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးသည်။

စစ်ကောင်စီတို့၏ သဘောသဘာဝမှာ လက်နက်ရှိသူများအား ကြောက်ပြီး လက်နက်မဲ့ပြည်သူများကိုသာ နှိပ်စက်ခြင်းဖြစ်၍ အရေးတော်ပုံအောင်မြင်စေရန်မိမိတို့တပ်ဖွဲ့ဝင်များအား လှူဒါန်းနိုင်ပါကြောင်းလည်းထီးချိုင့် – ပြည်သူ့ကာကွယ်ရေး အသိပေး ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်