Connect with us

Hi, what are you looking for?

News

စစ်တပ်က စစ်မြေပြင်တွင်ယခင်က တပ်သားအလောင်းနှင့်လက်နက်ကျန်ခဲ့မှုအလွန်ရှားဟုMNDAAပြော၊ သိမ်းဆည်းရမိသောလက်နက်များထုတ်ပြန်

အောက်တိုဘာ ၁၉ရက်တွင် MNDAAနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၄၀ခန့်ဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှအထိနာ၍ ထွက်ပြေးခဲ့ပြီး ၊စစ်မြေပြင်၌ အလောင်း ၁၈လောင်းကျန်ရစ်ကာ MNDAA ဘက်မှ လက်နက်ခဲယမ်းအချို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။

ယခင်က စစ်မြေပြင်မှ အလျင်စလိုထွက်ပြေးမှသာ သေဆုံးသွားသော တပ်သားအလောင်းနှင့် လက်နက်များ ကျန်ရစ်ခဲ့ပြီး စစ်တပ်ဆီမှ လက်နက်များသိမ်းဆည်းရရှိမှု အလွန်ရှားပါးကြောင်းကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)က ယနေ့ (အောက်တိုဘာ၂၂)ထုတ်ပြန်သော တိုက်ပွဲသတင်းဖော်ပြချက်၌ ပါရှိသည်။

အောက်တိုဘာ ၁၉ရက်တွင် MNDAAနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၄၀ခန့်ဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှအထိနာ၍ ထွက်ပြေးခဲ့ပြီး ၊စစ်မြေပြင်၌ အလောင်း ၁၈လောင်းကျန်ရစ်ကာ MNDAA ဘက်မှ လက်နက်ခဲယမ်းအချို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။

“စစ်ကောင်စီရှေ့တန်းရဲဘော် များ၏အပြုအမူကိုကြည့်ခြင်းအားဖြင့် တပ်မတော်သားများမှာ မင်းအောင်လှိုင် ၏စီမံမှုကို တော်တော်မုန်းတီးသည်ကို သက်သေပြနေကြောင်း၊ ရှေ့တန်းတပ်မ‌တော် သားများ၏ အခြေအနေမှာ ဗမာ့တပ်မတော်တစ်ရပ်လုံးတွေ၏မျက်မှောက်အခြေ အနေနှင့် ထပ်တူကျနေကြောင်း”MNDAAက ထုတ်ပြန် သည်။

စစ်ကောင်စီများအနေဖြင့် မြန်မာ့နိုင်ငံရေး စင်မြင့်တွင် နှစ်(၆၀)ကျော်ရပ်တည်နိုင်ခဲ့သော်လည်း နောက်ဆုံးတွင်နိုးထလာသော မြန်မာပြည်သူလူထု၏ ပယ်ဖျက်ခြင်းကိုခံနေရကြောင်းသည်ဟုလည်းဆိုထားသည်။

Public Service Announcement

Public Service Announcement

MNDAAနှင့် စစ်ကောင်စီတပ်သည် ဇူလိုင်ကတည်း က ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသ၌ တိုက်ပွဲများ ဖြစ်ပွားနေရာ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။