Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်တပ်က စစ်မြေပြင်တွင်ယခင်က တပ်သားအလောင်းနှင့်လက်နက်ကျန်ခဲ့မှုအလွန်ရှားဟုMNDAAပြော၊ သိမ်းဆည်းရမိသောလက်နက်များထုတ်ပြန်

အောက်တိုဘာ ၁၉ရက်တွင် MNDAAနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၄၀ခန့်ဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှအထိနာ၍ ထွက်ပြေးခဲ့ပြီး ၊စစ်မြေပြင်၌ အလောင်း ၁၈လောင်းကျန်ရစ်ကာ MNDAA ဘက်မှ လက်နက်ခဲယမ်းအချို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။

ယခင်က စစ်မြေပြင်မှ အလျင်စလိုထွက်ပြေးမှသာ သေဆုံးသွားသော တပ်သားအလောင်းနှင့် လက်နက်များ ကျန်ရစ်ခဲ့ပြီး စစ်တပ်ဆီမှ လက်နက်များသိမ်းဆည်းရရှိမှု အလွန်ရှားပါးကြောင်းကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)က ယနေ့ (အောက်တိုဘာ၂၂)ထုတ်ပြန်သော တိုက်ပွဲသတင်းဖော်ပြချက်၌ ပါရှိသည်။

အောက်တိုဘာ ၁၉ရက်တွင် MNDAAနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၄၀ခန့်ဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှအထိနာ၍ ထွက်ပြေးခဲ့ပြီး ၊စစ်မြေပြင်၌ အလောင်း ၁၈လောင်းကျန်ရစ်ကာ MNDAA ဘက်မှ လက်နက်ခဲယမ်းအချို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။

“စစ်ကောင်စီရှေ့တန်းရဲဘော် များ၏အပြုအမူကိုကြည့်ခြင်းအားဖြင့် တပ်မတော်သားများမှာ မင်းအောင်လှိုင် ၏စီမံမှုကို တော်တော်မုန်းတီးသည်ကို သက်သေပြနေကြောင်း၊ ရှေ့တန်းတပ်မ‌တော် သားများ၏ အခြေအနေမှာ ဗမာ့တပ်မတော်တစ်ရပ်လုံးတွေ၏မျက်မှောက်အခြေ အနေနှင့် ထပ်တူကျနေကြောင်း”MNDAAက ထုတ်ပြန် သည်။

စစ်ကောင်စီများအနေဖြင့် မြန်မာ့နိုင်ငံရေး စင်မြင့်တွင် နှစ်(၆၀)ကျော်ရပ်တည်နိုင်ခဲ့သော်လည်း နောက်ဆုံးတွင်နိုးထလာသော မြန်မာပြည်သူလူထု၏ ပယ်ဖျက်ခြင်းကိုခံနေရကြောင်းသည်ဟုလည်းဆိုထားသည်။

Public Service Announcement

Public Service Announcement

MNDAAနှင့် စစ်ကောင်စီတပ်သည် ဇူလိုင်ကတည်း က ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသ၌ တိုက်ပွဲများ ဖြစ်ပွားနေရာ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြို့တွင်း၌ နှစ်ဖက် ရင်ဆိုင်နေရာယူထားသော စစ်မျက်နှာပြင်ရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ်နှင့် PDF ရဲဘော်များက ဝင်ရောက်နေရာယူထားကြသည်။ စနိုက်ပါများဖြင့် နှစ်ဖက်အပြန်အလှန် ထောက်ထားကြ၍ နှစ်ဖက်လှုပ်ရှား သွားလာမှုမရှိကြ။

နိုင်ငံတကာ

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း နီပေါ ရဲတပ်ဖွဲ့ဟာ ခတ္တမန္ဒူ မြို့တော်မှာ လူမှောင်ခို ဂိုဏ်းတွေကို ဖြိုခွင်းပြီး လူ ၁၈ ဦးထက် မနည်းကို လူမှောင်ခိုမှု၊ လိမ်လည်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

သတင်း

သင်္ဃန်းညီနောင် အပါအဝင် မြ၀တီရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရရိရေး ရည်မှန်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟုသိရသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အနေဖြင့်လည်း စစ်ကောင်စီတပ် တိုက်လေယာဉ် တစ်စီးကို ယခုနှစ် ဇန်နဝါရီ လလယ်တွင် ရှမ်းမြောက် နမ့်ဖက်ကာတိုက်ပွဲ၌ ပစ်ချခဲ့ပြီး လေယာဉ် အပျက်အစီးကိုလည်း ပြသခဲ့သည်။