Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီတပ်ကျန်ခဲ့သည့် လက်နက်ခဲယမ်းများ ထပ်မံရရှိဟု ကိုးကန့်ထုတ်ပြန်

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် အောက်တိုဘာ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ မုံးကိုးဒေသ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်က မြေပြင်ထိုးစစ်နှင့် လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း အကောင်းဆုံး ခုခံနိုင်ခဲ့ကြောင်း MNDAA က ဆိုသည်။

—ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၂၀ကျော်တွေ့ဟုဆို

တိုက်ပွဲဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်ကောင်စီတပ် ကျန်ခဲ့သည့် လက်နက်ခဲယမ်းများ ထပ်မံရရှိခဲ့ကြောင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)က ထုတ်ပြန် သည်။

ထို့ပြင် စစ်မြေပြင်သို့ နယ်မြေရှင်းလင်းရေး ပြုလုပ်ရာ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်မှ အလောင်း ၂၀ကျော်တွေ့ရှိခဲ့ရသည်ဟုလည်း ဖော်ပြထားသည်။

လတ်တလောတွင် စစ်ကောင်စီ၏ထိုးစစ်ဆင်မှုများပြေလျော့လာ၍ ကိုးကန့်MNDAAတပ် သည်လည်း အထူးဒေသ(၁)မုံးကိုးခရိုင် ၊ဖောင်းဆိုင်‌ဒေသ၏စစ်မြေပြင်များကို ရှင်းလင်းရေးများပြုလုပ်ခဲ့ကြောင်း၊ ယမန်နေ့ တွင် ရှီကျိကျတောင်တန်းတွင် အခြေစိုက်နေသော ကိုးကန့် (MNDAA)တပ်သည် စစ်မြေပြင်ရှင်းလင်း‌ရေး လုပ်ဆောင်နေစဉ်မှာ စစ်ကောင်စီမှစွန့်လွတ်ခဲ့သောလက်နက်များကို ထပ်မံသိမ်းဆည်းရရှိကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် အောက်တိုဘာ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ မုံးကိုးဒေသ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်က မြေပြင်ထိုးစစ်နှင့် လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း အကောင်းဆုံး ခုခံနိုင်ခဲ့ကြောင်း MNDAA က ဆိုသည်။

ယခုရက်ပိုင်းတွင် ကိုးကန့်MNDAAတပ်သည် တိုက်ပွဲဖြစ်ပွားခဲ့သော စစ်မြေပြင်များကို ရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီဘက်မှ စွန့်လွတ်ခဲ့သောလက်နက် အချို့ကိုသိမ်းဆည်းရမည့်သည့်အပြင် စစ်ကောင်စီဘက်မှကျဆုံးသောအလောင်း ၂၀ကျော်ကိုလည်း တွေ့မြင်ရသည်ဟု ဖော်ပြခဲ့သည်။

MNDAAနှင့် စစ်ကောင်စီတပ်သည် ဇူလိုင်လဆန်းမှ စ၍ မုံးကိုးဒေသ၌ တိုက်ပွဲများ ဖြစ်ပွားနေပြီး လားရှိုး၊ သိန္နီမြို့နယ်များ၌လည်း တိုက်ပွဲဖြစ်ပွားမှု အချို့ရှိခဲ့သည်။

အောက်တိုဘာ ၂၂ရက် သိန္နီဒေသတွင် အခြေချနေသောစစ်ကောင်စီ (၅၆၇)တပ်ရင်းသည် အင်အား ၈၀ ကျော်ဖြင့် ကိုးကန့်MNDAAတပ်ရှိရာသို့ချီလာ၍ ကြာရမ်းကျေးရွာနှင့် ထန်ကြာပရွာအနီးတွင် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။