Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်၏ လက်နက်များထပ်မံသိမ်းဆည်းရမိဟု MNDAAထုတ်ပြန်

လက်တလော အခြေအနေအရ စစ်ကောင်စီသည် MNDAAတပ်ရှိရာသို့ နေ့စဉ်အင်အားတိုးချဲ့ လျက်ရှိပြီး တိုက်ပွဲအကြီးအကျယ်ဖော်ဆောင်ရန် ပြင်ဆင်နေသည်ကိုမြင်တွေ့နေရသည်ဟု MNDAAက သတ်မှတ်သည်။

စစ်ကောင်စီနှင့်ကိုးကန့်တပ်(MNDAA)တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်များ ထပ်မံသိမ်းဆည်းရမိကြောင်း MNDAA က ယနေ့(အောက်တိုဘာ၂၉) ထုတ်ပြန်သည်။

အောက်တိုဘာလလယ်ပိုင်းတွင် မုံးကိုးဖောင်းဆိုင်ဒေသသည် စစ်ကောင်စီတပ်နှင့် MNDAAတို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သောနေရာဖြစ်ပြီးစစ်ကောင်စီမှ MNDAA တပ်ရှိရာ ရှိကျိကျတောင်တန်းကို လက်နက်ကြီးများဖြင့်ပြင်းထန်စွာ ပစ်ခတ်သည့်အပြင် မြေပြင်တွင်လည်း အထူးစစ်ဆင်ရေးအဖွဲ့များဖြင့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု MNDAAက ဆိုသည်။

သို့သော် စစ်ကောင်စီသည် ရှုံးပွဲဖြင့်အဆုံးသတ်ကာ တိုက်ပွဲဖြစ်ပွားစဉ်ကာလတွင် MNDAAတပ်သည် စစ်မြေပြင်ကို ရှင်းလင်းရေးမလုပ်ဆောင်နိုင်ခဲ့ကြောင်း အသိပေးသည်။

အောက်တိုဘာ ၂၇ ရက်ကစ၍ စစ်မြေပြင်ရှင်းလင်းရေးကို လုပ်ဆောင်နေစဉ် စစ်ကောင်စီမှ စွန့်လွတ်ခဲ့သော လက်နက်ခဲယမ်းများကို ထပ်မံသိမ်းဆည်းရခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၂၇ ရက် ညနေပိုင်းကလည်း စစ်ကောင်စီနှင့် အထူးဒေသ(၁) မူပန်(သိန္နီ)ခရိုင်တွင်ရှိသော ကိုးကန့်MNDAAတပ်တို့ မိုင်းယော်ဒေသ တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

အလားတူ ကိုးကန့်ဒေသရှိ လုံးခမ် ၊ ဟေးရှန်း ၊ မုံးကိုးဗျူဟာကုန်းနှင့် ဖောင်းဆိုင်နေရာတွင် အခြေချသောစစ်ကောင်စီသည် မုံးကိုးခရိုင် ရှိကျိကျ တောင်တန်းရှိ ကိုးကန့်MNDAAတပ် ကို လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော လက်နက်ကြီးကျည်ဆန်စုစုပေါင်းမှာ ၅၀ကျော်အထက်ရှိပြီး MNDAAတပ်မှ တစ်ဦးဒဏ်ရာရရှိခဲ့သည်။

လက်တလော အခြေအနေအရ စစ်ကောင်စီသည် MNDAAတပ်ရှိရာသို့ နေ့စဉ်အင်အားတိုးချဲ့ လျက်ရှိပြီး တိုက်ပွဲအကြီးအကျယ်ဖော်ဆောင်ရန် ပြင်ဆင်နေသည်ကိုမြင်တွေ့နေရသည်ဟု MNDAAက သတ်မှတ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။