Connect with us

Hi, what are you looking for?

News

ထန်တလန်မြို့ကို အကြမ်းဖက်တိုက်ခိုက်မှုအပေါ် အပြင်းထန်ဆုံးပြစ်တင်ရှုတ်ချတယ်လို့ Save the Children ထုတ်ပြန် ၊ က​လေးငယ် ၂၀ခန့်မြို့ထဲကျန်ရှိနေမှုအ​ပေါ် စိုးရိမ်​နေဟုဆို

အောက်တိုဘာ ၂၉ ရက်မှာ မြန်မာအကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် ထန်တလန်မြို့ရှိ ဘုရားကျောင်းနှစ် ကျောင်းအပါအဝင် လူနေအိမ်တွေ မီးလောင်းကျွမ်းခဲ့ပြီး ဒီနေ့ မနက်ပိုင်းအထိ လူနေအိမ် ၁၆၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့ကို အကြမ်းဖက်တိုက်ခိုက်မှုအပေါ် အပြင်းထန်ဆုံးပြစ်တင်ရှုတ်ချတယ်လို့ Save the Children ကထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၉ ရက်မှာ မြန်မာအကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် ထန်တလန်မြို့ရှိ ဘုရားကျောင်းနှစ် ကျောင်းအပါအဝင် လူနေအိမ်တွေ မီးလောင်းကျွမ်းခဲ့ပြီး ဒီနေ့ မနက်ပိုင်းအထိ လူနေအိမ် ၁၆၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။

“အရပ်သားတွေနဲ့ လူသားချင်းစာနာမှုအဖွဲ့အစည်းတွေကို လက်လွတ်စပယ်တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေတွေကိုချိုးဖောက်ကျူးလွန်တာဖြစ်ပါတယ်။ အရပ်သားတွေ အထူးသဖြင့် ကလေးငယ်တွေကို အကာအကွယ်ပေးဖို့နဲ့ ဒီလိုတိုက်ခိုက်မှုမျိုးကို ထိန်းချုပ်ဖို့ တာဝန်ရှိတဲ့ ပါတီတွေကို ကျွန်ုပ်တို့တောင်းဆိုပါတယ်” လို့ Save the Children က ထုတ်ပြန်ပါတယ်။

ထန်တလန်မြို့ မီးလောင်ကျွမ်းမှုမှာ Save the Children ရဲ့ ရုံးခန်းလည်း မီးထဲပါသွားခဲ့ပြီး အခု ပျက်စီးဆုံးရှုံးမှုဟာ ထောင်ပေါင်းများစွာသော ပြည်သူတွေ၊ ကလေးငယ်တွေရဲ့ နေအိမ်တွေနဲ့ တစ်မြို့လုံး ပျက်စီးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ထန်တလန်ဒေသခံအများစုဟာ မြို့ကို စွန့်ခွာထွက်ပြေးနေပြီဖြစ်ပေမယ့် မီးလောင်ကျွမ်းချိန်မှာ ကလေးငယ် ၂၀ ဦးခန့် မြို့ထဲ ကျန်ရှိနေတဲ့အပေါ်ကိုလည်း Save the Children က စိုးရိမ်တယ်လို့ ထုတ်ပြန်ပါတယ်။

အခုဖြစ်စဉ်ဟာ ချင်းပြည်နယ်ကို မြန်မာစစ်တပ်ရဲ့ ထိုးစစ်အရှိန်မြှင့်တဲ့အချိန်မှာ ဖြစ်ပွားရခြင်း ဖြစ်တယ်လို့ Save the Childrenက ဆိုပါတယ်။

ဓာတ်ပုံ – ထန်တလန် CDF

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း အနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ထဲက ရွာတွေကို စစ်တပ်က မြေပြင်စစ်ကြောင်းထိုးတာတွေအပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။