Connect with us

Hi, what are you looking for?

News

Mytel ကုမ္ပဏီ ငွေကြေးအရာရှိချုပ် ဗိုလ်မှူးဟောင်းသိန်းအောင် ပစ်သတ်ခံရ၊ ဇနီးဖြစ်သူလည်း ဒဏ်ရာရ

Mytel၏ ငွေရေးကြေးရေးအရာရှိချုပ် ဗိုလ်မှူးဟောင်း သိန်းအောင်သည် ၎င်း၏ နေအိမ်ရှေ့တွင် ဇနီးဖြစ်သူ ဒေါ်သိမ့်အောင်သူနှင့်အတူ လမ်းလျှောက်ထွက်ရန် စောင့်ဆိုင်းနေစဉ် ပစ်သတ်ခံရခြင်းဖြစ်သည်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် (၇)ဂရပ်ကွက် တေးနုယဉ်လမ်းတွင်နေထိုင်သည့် စစ်တပ်ပိုင် Mytel ကုမ္ပဏီ၏ ငွေရေး‌ကြေးရေးအရာရှိချုပ်(Chief Financial Officer) ယနေ့(နိုဝင်ဘာ ၄ ရက်)နံနက် ၇နာရီခွဲတွင် ပစ်သတ်ခံလိုက်ရကြောင်း အခင်းဖြစ်ရပ်ကွက်နေ ပြည်သူများက ပြောသည်။

Mytel၏ ငွေရေးကြေးရေးအရာရှိချုပ် ဗိုလ်မှူးဟောင်း သိန်းအောင်သည် ၎င်း၏ နေအိမ်ရှေ့တွင် ဇနီးဖြစ်သူ ဒေါ်သိမ့်အောင်သူနှင့်အတူ လမ်းလျှောက်ထွက်ရန် စောင့်ဆိုင်းနေစဉ် ပစ်သတ်ခံရခြင်းဖြစ်သည်။

ပတ်ခတ်မှုကြောင့် ဗိုလ်မှူးဟောင်းသိန်းအောင်မှာ ကျည်လေးချက်ထိမှန်ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားသည်။ ၎င်း၏ ဇနီးဖြစ်သူသည် လက်၊ခါးနှင့် ခြေထောက်တို့တွင် ကျည်ဆံထိမှန် ဒဏ်ရာများရရှိခဲ့သည်။

အဆိုပါ ပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရသေးပဲ ထုတ်ပြန်အသိပေးခြင်းလည်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

ထိုသို့ ပစ်ခတ်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများက လမ်းနှင့်ရပ်ကွက်များကို ပိတ်ဆို့စစ်ဆေးနေကြောင်း မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူများက ပြောသည်။

ဗိုလ်မှူးဟောင်းသိန်းအောင်သည် Mytelကုမ္ပဏီစတင်ထူထောင်ကတည်းက Chief Finance Officer အဖြစ်တာ၀န်ထမ်းဆောင်နေသူဖြစ်သည်။

ဦးသိန်းအောင်သည် ရေတပ်ဦးစီးချုပ်နှင့် အပတ်စဉ်တူ DSA အပတ်စဉ် (၂၈)ဆင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်တဲ့ နိုင်ငံတကာကုမ္ပဏီပေါင်းတွေ စာရင်းထဲမှာ နောက်ထပ် ၅၃ ခုကို Burma Campaign UKက ထပ်မံဖြည့်တင်းလိုက်ပါတယ်။

သတင်း

ညသန်းခေါင်အချိန် ပေါ်တာဆွဲခံရမှာစိုးရိမ်လို့ စိတ်ဝင်စားမှုနည်း

သတင်း

ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ထုတ်လွှင့်ခွင့်ရရှိထားတဲ့ စစ်တပ်ပိုင် စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Mytel က အွန်လိုင်းကနေ ကမ္ဘာ့ဖလားပွဲစဉ်တွေ ထုတ်လွှင့်ပြသတာမျိုးတွေရှိရင် တည်ဆဲဥပဒေတွေအပါအဝင် နိုင်ငံတကာဥပ‌ဒေတွေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့်ရရှိထားတဲ့ အာဏာသိမ်းစစ်တပ် နဲ့ ဗီယက်နမ်စစ်တပ် ပူး​ပေါင်းပိုင်တဲ့ Mytel ရဲ့ TV360 စာမျက်နှာကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar-JFM က အသိပေးထားပါတယ်။