Connect with us

Hi, what are you looking for?

News

ချောင်းဦးတွင်မိုင်းလာရှင်းသည့်စစ်ကား​​နှစ်စီးပေါ် မိုင်း​ပေါက်ကွဲ၍ ၁၂ ဦးခန့်​သေ

“ကွဲတဲ့အချိန် မြေတွေပါတုန်တယ်။ ကွဲပြီးတော့ ရမ်းသမ်းပစ်တာတွေကြားရတယ်။”ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် မိုင်းလာရှင်းသည့် တပ်ကားများ ပေါက်ကွဲရာမှ စစ်ကောင်စီတပ်သား ၁၂ ဦးခန့်သေဆုံးနိုင်ကြောင်း ချောင်းဦး PDFကသတင်းထုတ်ပြန်သည်။

ယနေ့( နိုဝင်ဘာလ၁၀ရက်) နံနက် (၁၀) နာရီဝန်းကျင်ခန့်က ချောင်းဦးမြို့အဝင် ချောင်းဦး – ပခုက္ကူလမ်းမဘေး၊ ဗိုလ်ချုပ်ပန်းခြံအနီးတွင် ညီနောင်မဟာမိတ်ပူးပေါင်းအဖွဲ့ မှ ပစ်ချထားသော မိုင်း (၂) လုံးအား စစ်ကောင်စီအုပ်စုက လာရောက်ရှင်းလင်းရေး လုပ်ခဲ့ရာ တစ်လုံးမှာ စစ်ကားပေါ်တွင်ပင် ပေါက်ကွဲခဲ့ရာ စစ်သား ၇ ဦးခန့်သေဆုံးကြောင်း၊ နောက်တစ်လုံးမှာလည်း စစ်ကားနောက်တစ်စီးပေါ် သယ်ယူသွားရာ ပိုက်ကွဲပြီးစစ်သား (၅) ဦးခန့် သေဆုံး
နိုင်ကြောင်း ချောင်းဦး PDFက အသိပေးသည်။

စစ်ကောင်စီကား နှစ်စီးလုံးပျက်စီးသွားပြီးမဟာမိတ်ညီနောင်များနှင့် ပြည်သူလူထုဘက်မှ ထိခိုက်မှု လုံးဝမရှိကြောင်း ချောင်းဦး PDFက ပြောသည်။

“ကွဲတဲ့အချိန် မြေတွေပါတုန်တယ်။ ကွဲပြီးတော့ ရမ်းသမ်းပစ်တာတွေကြားရတယ်။”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ခုခံတိုက်ခိုက်မှုအား မဟာမိတ် (၅)ဖွဲ့ ဖြစ်သော Chaung U People’s Defence Force – CHU PDF ၊ Monywa People Defence Force – MPDF ၊ Myaung Special People’s Defense Force – MSPDF ၊ 27 Revolution Forces နှင့် T.G.R (Myaung) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF) သည် ချောင်းဦး မြို့နယ်အတွင်း ပြောက်ကျားတိုက်ပွဲများဆင်နွှဲလျှက်ရှိသည့်အပြင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဒေသခံ မဟာမိတ် ကာကွယ်ရေးတပ်ဖွဲ့များ နှင့် ပူးပေါင်းကာ ခုခံတော်လှန်မှုများ ဆင်နွှဲလျက်ရှိပြီး မိမိတို့၏ရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် အကြမ်းဖက်စစ်ကောင်စီ အလုံးစုံပျက်သုဉ်းရေး၊ ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်လည်အပ်နှံနိုင်ရေး နှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နိုင်ရေး တို့အတွက် ရဲရဲဝံ့ဝံ့ ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာစစ်တပ်စစ်ကြောင်းအထိနာပြီး လက်နက်ခဲယမ်းတွေ ရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကြောင်းဝင်လာစဥ် မပြေးနိုင်တဲ့ ဘိုးဘွားအိုနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်က ဆင်မြေကျေးရွာကို အာဏာသိမ်းစစ်တပ်က ၃ ရက်ဆက် မီးရှို့ဖျက်ဆီးရာ အိမ်ခြေ ရာနဲ့ချီပြာကျနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။