Connect with us

Hi, what are you looking for?

News

ကိုးကန့်တပ်မှ လက်ဖြောင့်တပ်သားပစ်ခတ်၍ စစ်ကောင်စီတပ်မှတစ်ဦးသေဟု ထုတ်ပြန်

MNDAAအနေဖြင့် မုံးကိုးဒေသ စစ်ရေးတင်းမာမှု လျှော့ချလို၍ဟုဆိုကာ အဆိုပါဒေသရှိ နေရာသုံးခုမှ MNDAA တပ်များကို ဆုတ်ခွာမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၀ရက်တွင် ကြေညာထားသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)၏ စနိုက်ဘာသမားမှ ပစ်ခတ်ခဲ့၍ စစ်ကောင်စီတပ်မှ တပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း မုံးကိုးခရိုင်သို့ စစ်ကူများအဆက်မပြတ်ပို့ ဆောင်နေပြီး သိန္နီခရိုင်ဘက်တွင်လည်း MNDAAနှင့် တိုက်ပွဲများဖြစ်ပွားနေကြောင်း၊ နိုဝင်ဘာ ၉ရက်တွင် MNDAA နှင့် စစ်ကောင်စီတို့ သိန္နီခရိုင်၊ ဖုလုံအနောက်ဘက်တောင်တန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ MNDAA စက်နိုက်ဘာသမား ၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက် မှတပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း ဖော်ပြသည်။

ယင်းနေ့ညနေပိုင်းတွင်လည်း မုံးကိုးခရိုင် ၊ ပန်ရင်လပဒေသတွင် အခြေချသော MNDAAတပ်သည် စစ်ကောင်စီ၏ ယာယီတပ်စခန်းတစ်ခုကို တွေ့ရှိ၍ ဝင်ရောက်ရှာဖွေရာ တပ်သုံး ရိက္ခာအချို့ကိုသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

MNDAAအနေဖြင့် မုံးကိုးဒေသ စစ်ရေးတင်းမာမှု လျှော့ချလို၍ဟုဆိုကာ အဆိုပါဒေသရှိ နေရာသုံးခုမှ MNDAA တပ်များကို ဆုတ်ခွာမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၀ရက်တွင် ကြေညာထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)က၁၀၂၇ စစ်ဆင်ရေးမှာဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်းတွေအနက် ၁၀၀ကျော်ကို စစ်တပ်ထံ ဒီကနေ့ ထပ်မံလွှဲပေးလိုက်တယ်လို့​ဒေသခံသတင်းရင်းမြစ်အချို့က​ပြောပါတယ်။